ကိုတောင်သူ့ဘဝ

အမည်ရယ်ကြီးပါတဲ့၊ ဇနီးရယ်ပျော်လို၊ ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊ ငါးလူးငယ် မျှင်မျှင်၊ ကြေးမသင် ရေလုံပြုတ်ပါလို့၊ အင်ကုပ်ကယ် ကျယ်ကျယ်နှင့်၊ မင်းဖွယ် စိုးရ လောက်ပေလေး။

လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊ ဆာမွတ်ချိန်ကျသောကြောင့်၊ ဆံစလိပ်ခွေ၊ ဖါးလျားဝေနှင့်၊ အိမ်နေသူ့သက်ပန်၊ ချက်ပြောင်းဆန်ကို၊ တပန်းကန်ကုန်အောင်၊ တက်တက်သာပြောင်တော့၊ ကိုတောင်သူ့အနေ၊ ပိုတ်ဝမ်းရေ ပတ်လည်ကျရယ်နှင့်၊ ယဉ်လှတယ်လေး။

ဦးဆောင်းရေးသားတဲ့ လွမ်းချင်းမှာ လယ်ထွန်ပြန်သူဟာ တပန်းကန်ကုန်အောင်စားပါတယ်။ တစ်ပန်းကန်ရယ်လို့ မြန်မာစာမှာ မရှိခဲ့ကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ