Well done သာဓု

သင်္ကြန်ရက်တွေမှာ ဒုလ္လဘရဟန်းဝတ်သူ၊ သီလရှင်ဝတ်သူ၊ ဘိုးဘွားရိပ်သာမှာ ကုသလိုလ်ပြုသူ၊ သွေးလှူသူ၊ ရေကုသိုလ်ပြုသူ၊ ဘုရားဖူးသွားကြသူ၊ ဆွမ်းကပ်သူ၊ တရားစခန်းဝင်သူတွေနဲ့ အန္တရာယ်ကင်းပရိတ်တရား နာကြတာတွေ ဖတ်ရတယ်။ ကောင်းကြတယ်။

ကျွန်တော်က သာဓုလို့ ပြောခဲ၊ ရေးခဲတယ်။ ကောင်းလေစွလို့ သဘောမထားတာတော့ မဟုတ်ပါ။

ကျွန်တော်က ကိုးကွယ်တဲ့ သာသာ ဘုရားပုံတော်လည်း တင်ခဲတယ်။ ယုံကြည်သက်ဝင်မှု နည်းလို့တော့ မဟုတ်ပါ။

ခုနစ်အိမ်ကြား ဘုရားရှိခိုးသူတချို့၊ ပရိုဖိုင်းပုံနဲ့ တကယ်လုပ်ဆောင်တာဆန့်ကျင့်ဖက်အထိဖြစ်တဲ့သူတချို့ကို ကိုယ်တွေ့ မျက်မြင် သိတယ်။ သာဓုခေါ်သံကို နားကလောတယ်ဆိုတဲ့ တခြားဘာသာကိုကိုးကွယ်သူကို ကျွန်တော့ကိုတိုက်ခိုက်တဲ့ ခုနစ်အိမ်ကြားဘုရားရှိခိုးသူပါတဲ့အစုက ဥက္ကဋ္ဌတင်လိုက်ကြတယ်။ ၁၅ နှစ်လောက်ရှိပါပြီ။

ကျွန်တော်က ကိုယ့်နိုင်ငံရေးပါတီခေါင်းဆောင်ပုံ၊ ပါတီလိုဂိုကို မဖြစ်လှမှသာတင်တယ်။ ထောက်ခံမှုနည်းလို့တော့ မဟုတ်ပါ။

စစချင်းတော့ ဟယ်လို-မင်္ဂလာပါရေးပြီး သူသဘောမကျတာတချက်တွေ့တာနဲ့ ဆဲရေးသူမျိုးကို မကြာမကြာတွေ့ရတယ်။

ကောင်းတယ်၊ မကောင်းကို စိတ်ကနေဦးဆောင်တယ်။ တချို့က အရေး-အပြော-အရုပ်တွေနောက် လိုက်နေကြတယ်။ ကျွန်တော်က မမြင်ရတာကို လိုက်ကြည့်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၅
၁၇-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)