စစ်သူကြီးနှင့် သားနှစ်ယောက်
တခါသော် သီတဂူပြည်မှ ဘုရင်ကြီး နတ်ရွာစံသွားရာ သားတော်နှစ်ပါး ကျန်ရစ်ခဲ့လေသည်။
ညီတော်သည် အိမ်ရှေ့အရာကို မယူလို ထီးနန်းကိုသာ စိုးစံလိုသဖြင့် မကျေမနပ်ဖြစ်ကာ နောက်လိုက်ငယ်သားများနှင့် နယ်ခြားတနေရာသို့ တိမ်းရှောင်ထွက်ခွါသွားလေသည်။
မှန်လှပါ ညီတော်ဟာ နယ်ခြားတနေရာသို့ တိမ်းရှောင် ထွက်ခွါသွားကြောင်းပါ။
တနေရာတွင် ညီတော်တို့အား မှီလေသည်။
ငါ့အနေနဲ့ သူတလူငါတမင်းဖြစ်နေတဲ့တိုင်းပြည်မှာ ဆက်ပြီး အမှုမထမ်းလိုတော့ဘူး။ သားနှစ်ယောက်ကိုခေါ်ပြီး တနေရာမှာ တိမ်းရှောင်နေမှဖြစ်တော့မယ်။
စစ်သူကြီး ဝဏ္ဏကျော်သည် သားနှစ်ယောက်ကို ခေါ်ငင်၍ ရွာတရွာတွင် ရုပ်ဖျက်ပြီး တိမ်းရှောင်နေသည်။
အင့်း့ ငါ့သားနှစ်ယောက် တဦးကိုတဦး ချစ်ကြသလောက် သီတဂူပြည်ကမင်းသားနှစ်ပါးက တဦးအပေါ်တဦး ကြင်နာတရား ခေါင်းပါးလှချည့်တကား။
ထိုအချိန်တွင် နယ်ခြားတနေရာမှာ ညီတော်သည် သီတဂူပြည်ကို ချီတက်တိုက်ခိုက်ရန် လူအင်အားစုနေသကဲ့သို့ -
ငါ့သားနှစ်ယောက်က တတိုင်းတပြည်ဆီမှာ သွားပြီး အမှုထမ်းကြပေတော့
အင့်း့ ငါ့သားနှစ်ယောက်တော့ တဦးနဲ့တဦး ခွဲကြရမယ်ဆိုလို့ ဝမ်းနည်းပန်းနည်းဖြစ်နေကြပြီ။
နောက်တနေ့တွင် အင့်း့ အကိုကြီးတော့ တခုခုဖြစ်နေပြီနဲ့တူတယ်။
အင့်း့ ဒီညီအကိုနှစ်ယောက် သိပ်ပြးတဦးပေါ်တဦး မေတ္တာထားကြပါကလား။ ငါတို့ညီတော်နောင်တော်နှစ်ဦးမှာတော့ တဦးကိုတဦး သတ်ဘို့ဖြတ်ဘို့ ကြံစည်နေကြတယ်။
နောက်ဆုံးတွင် သူတလူငါတမင်းဖြစ်ခဲ့သော သီတဂူပြည်ကြီးကို့
၁၇-၂-၁၉၇၃ နေ့ထုတ် ရွှေသွေးဂျာနယ်ပါစာကို သင်ခန်းစာနဲ့အတူ သတ်ပုံကိုပါ တင်ပြလိုက်ပါတယ်။
ဒေါက်တာတင့်ဆွေ
၉-၄-၂ဝ၁၈

Comments
Post a Comment