SHS 2 Monywa ကျောင်းတုံးက သူငယ်ချင်းတွေ

၁၉၆၄-၆၅ မုံရွာ အထက (၂)၊ ဆယ်တန်း (ဘီ)၊ သိပ္ပံတွဲကျောင်းသားများ၊ အတန်းပိုင်ဆရာ ဦးထွန်းကြင် နဲ့အတူ အမှတ်တရဓါတ်ပုံဖြစ်ပါတယ်။ ကိုယ့်ပုံကို အတော်ရှာကြည့်ရပါတယ်။ နောက်ဆုံးတန်း အလယ်နားလောက်၊ ကျောင်းဆင်ဝင်တိုင်ရှေ့ကပါ။

ပုံထဲကကျောင်းသားတွေ ဆေးကျောင်းကို ၂ ယောက်ရောက်ပေမဲ့ ၁ ယောက်သာ ဆရာဝန်ဖြစ်တယ်။ ၂ ယောက်က စက်မှုရောက်ပေမဲ့ ၁ ယောက်သာ အင်ဂျင်နီယာဖြစ်တယ်။ တိမွေးကုကို ၂ ယောက်ရောက်တယ်။ နိုင်ငံရေးထဲလည်း ၂ ယောက် ရောက်တယ်။ ကျွန်တော်နဲ့သူက ပါတီမတူ။ သူက ပါတီနှစ်မျိုးမှာ လူကြီးဖြစ်ခဲ့တယ်။

အစိုးရအလုပ်ထဲဝင်သူ အများစုက ပင်စင်စားတွေဖြစ်နေကြပြီတဲ့။ တချို့သူငယ်ချင်းတွေ မရှိကြလောက်တော့ပါ။ သူငယ်ချင်းအားလုံးကို ငယ်တုန်းကလိုဘဲ ချစ်ခင်မြဲချစ်ခင်လျှက်ပါ။ ဆရာတွေကိုလဲ လေးစားလျှက်ပါ။

လွန်ခဲ့တဲ့ ၄ နှစ်က ဓါတ်ပုံပို့ပေးတဲ့ စိုးတင့်ဝင်းကို ကျေးဇူးတင်တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂ဝ၁၄
၁၉-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး