ဇာတာ

နက်ဖြန် ဖို့ဒ်ဝိန်းကို သွားရမယ်။ ဇာတာသက် မနည်းသူတွေကိုသာ ဖိတ်ကြားတဲ့ပွဲရှိလို့။

ပြည်ပမှာ အကြာဆုံးလူတွေထဲက ကိုယ်လိုလူတယောက်လည်း ရောက်နေတယ်။ ပြည်ပဆိုတာ ကြဉ်ထားခံရသူတွေ။ အထဲသွားရင် ခွဲခြားဆက်ဆံခံရသူမျိုး။ အထဲခေါ် ထောင်မကျဖူးလို့တဲ့။ ကိုယ့်အစား ကိုယ့်အမျိုးတွေ အဆွေတွေ ထောင်ကျခံရတာက ဘောင်မဝင်ဘူးလားမသိ။

ကြာလာတော့လည်း လူမသိ။ ဇာတာကတော့ သိတယ်။ ဘောင်ဝင်တယ်။

ဇာတာကို ပိုးမထိုးအောင် ရေနံသုတ်ရတယ်။ ကျွန်တော့်ဇာတာ ငယ်ငယ်ကတည်းက မုံရွာမီးထဲပါသွားတာ။ မီးတောင်ကို မကျော်နိုင်ခဲ့ပါ။ ဓါးပင်လယ်တော့ ဖြတ်နေဆဲ။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၈

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး