Thailand confirms first case of deadly MERS virus

တောင်ကိုရီးယားမှာဖြစ်နေတဲ့ မားစ်ကူးစက်ရောဂါ ထိုင်းနိုင်ငံကိုရောက်လာ

လူနာတဦးမှာ မားစ်ရောဂါရှိတာကို တာဝန်ရှိသူတွေက အတည်ပြုပြောလိုက်တဲ့သတင်းကို လွန်ခဲ့တဲ့နာရီပိုင်းက ဘန်ကောက်ပို့စ်သတင်းမှာ ဖတ်ရပါတယ်။

အသက် ၇၅ နှစ်ရှိ လူနာဟာ အရှေ့အလယ်ပိုင်းကနေပြန်လာပြီးကူးစက်ခံလာရတယ်။ အခုသူ့နှလုံးအခြေအနေကို ကုသပေးနေရတယ်။ သူ့ကို နွန်ထာဘူရီခရိုင် Bamrasbaradura Infectious Diseases Institute ဆေးရုံမှာ သီးခြားထားတယ်။

သူနဲ့ခရီးတူသွားခဲ့သူနဲ့ တက်စီမောင်းသူ စုစုပေါင်းလူ ၅၉ ယောက်ကိုလည်း စောင့်ကြည့်နေရတယ်။

ရောဂါထိန်းချုပ်ရေးဌာနကနေ အဝင်ပေါက် ၆၇ ခုကနေစောင့်ကြပ်နေပါတယ်။

MERS ကူးစက်ရောဂါကြောင့် တောင်ကိုရီးယားမှာ ၁၆ဝ မက ဖြစ်နေတာထဲက ၂၃ ယောက်သေဆုံးပြီးဖြစ်တယ်။ ခုထိ တကမ္ဘာလုံးမှာ ၄၅၈ ယောက်ဒီရောဂါနဲ့သေဆုံးရပြီးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၅
http://www.bangkokpost.com/news/general/596836/thailand-confirms-first-case-of-deadly-mers-virus

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး