Birth month may predict risk for certain diseases

မွေးလကိုကြည့်ပြီး ဘာရောဂါဝေဒနာဖြစ်လာနိုင်သလည်း မှန်းလို့ရနိုင်တယ်။ မွေးလနဲ့ ရောဂါအမျိုးပေါင်း ၅၅ မျိုး ဆက်စပ်မှုကို သုတေသနတခုလုပ်ထားပါတယ်။ မေလမှာမွေးသူတွေက မွေးလနဲ့ ရောဂါဆက်စပ်မှုမှာ အနည်းဆုံး ဖြစ်ကြတယ်။ အောက်တိုဘာမွေးသူတွေကတော့ မွေးလနဲ့ ရောဂါဆက်စပ်မှုမှာ အများဆုံး ဖြစ်တယ်လို့ ကိုလမ်ဘီယာ တက္ကသိုလ်မှာလုပ်တဲ့လေ့လာမှုအရ သိရပါတယ်။

အခုသုတေသနမှာ ၁၉ဝဝ ကနေ ၂ဝဝဝ ခုနှစ်အတွင်းတုံးက နယူးယောက် ဆေးကိုလမ်ဘီယာဆေးတက္ကသိုလ်မှာ တက်ကြတဲ့ လူနာတွေနဲ့ ဆေးမှတ်တမ်းတွေနဲ့ ၁၉၈၅ ကနေ ၂ဝ၁၃ အထိ ဆေးကုသမှုခံယူသူတွေကို လေ့လာခဲ့တယ်။ စုစုပေါင်း ပေါင်း ၁့၇ သန်းရှိတယ်။ အများအားဖြင့် အသက် ၂ဝ ကနေ ၆ဝ အတွင်းကဖြစ်ကြတယ်။

နှလုံးသွေးကြောရောဂါပေါင်း (၁ဝ) မျိုးနဲ့ မွေးလဆက်စပ်မှုလေ့လာတော့ ဆောင်းတွင်းမွေးသူတွေမှာ ဖြစ်ဘို့ပိုပြီး အလားအလာရှိကြတယ်။

ဒိအရင်လေ့လာမှုတုံးက ဆောင်းရာသီမှာမွေးသူတွေဟာ နေ့တာတိုချိန်၊ နေရောင်လနည်းတဲ့ကာလဖြစ်လို့ ဗီတာမင် ဒီနည်းတာဖြစ်ကြတာများတယ်လို့သိခဲ့ရတယ်။ ဆက်ပြီး နှလုံးသွေးကြောရောဂါဖြစ်နိုင်ကြတယ်။

နှလုံးသွေးကြွက်သားကြီးနေတာနဲ့ သွေးတိုးရောဂါတွေ ဇန္နဝါရီလထဲ မွေးသူတွေမှာ ပိုဖြစ်တယ်။ စက်တင်္ဘာနဲ့ အောက်တိုဘာမှာမွေးသူတွေက အနည်းဆုံးဖြစ်တယ်။ ဘာလို့လည်းတော့ ရှင်းမပြနိုင်သေးပါ။ တခုရှိတာက ကိုယ်ဝန်ဆောင်နေချိန် ဆောင်းကာလမှာ ကူးစက်ရောဂါတွေက ပိုပြီးထူပြောတယ်။

ကလေးတွေမှာ ADHD ခေါ်တဲ့ ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါဟာ နှစ်နောက်ပိုင်းမှာမွေးဖွါးသူတွေမှာပိုများတယ်။ နိုဝင်္ဘာမှာမွေးတဲ့ကလေးကအများဆုံး။

ဒီလေ့လာမှုစာတမ်းကို ၂ဝ၁၅ ဇွန်လထုတ် Journal of American Medical Informatics Association မှာ ရေးသားထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး