My Good Friends ဟေ့ ငယ်ချင်းရေ့

ဟဲလို ဆရာ သမီးနာမည်က့ ပါ။ သမီးအမေက ဆရာနဲ့မုံရွာမှာသိခဲ့တဲ့ အတန်းသူတစ်ယောက်ပါ။ အမေက ဆရာနဲ့ ဆက်သွယ်ချင်လို့ဆိုပြီး မနေ့ကစာရေးပြီးပို့ပေးပါဆိုလို့ ပို့လိုက်ပါတယ်ဆရာ။ ဆရာအချိန်ရရင် ဖတ်ကြည့်ပေးပါနော်။ (စာတစောင်ဓါတ်ပုံ)

ဟေး မေဘယ်လ့့်။ ငါလည်းဝမ်းသာတယ်ဟေ့။ စတိတ်တူး ၅ တန်းလောက် ပြန်ရောက်သွားသလိုပဲ။ စာထဲက တို့သူငယ်ချင်းတွေအကုန် မှတ်မိတယ်။ ဒီကောင်တွေကိုလည်း ပြောလိုက်စမ်းပါ။ ခင်မောင်သန်း၊ မြင့်သိန်း၊ တင်မောင်အေး၊ ညွန့်အောင်၊ သောင်းတင့်၊ မောင်မြင့်၊ မသန်းဌေး၊ ခင်အေးရီ။

ငါ့မှာ စသင်ကျောင်းက ၃ ကျောင်းတည်းမှာသာနေခဲ့ရလို့ ငယ်သူငယ်ချင်းဆိုတာ တကယ့်အမျိုးတွေလိုပဲ။ မုံရွာ ထန်းလေးပင်မူလတန်းကျောင်းက သူငယ်ချင်းတွေတော့ ကြွက်နီ နာမည်ပဲမှတ်မိတယ်။

မုံရွာစတိတ်တူးက တချို့သူငယ်ချင်းတွေနဲ့ အဆက်ရတယ်။ ဆရာဦးမောင်မောင်က ဘုရားဖူးလာရင်း ငါ့ဆီကို ဖုန်းဆက်တယ်။ ဆရာဦးဘသောင်းကလည်း ငါ့ညီဆီကတဆင့် စာရေးတယ်။ ၇ တန်းသူငယ်ချင်း NLD က အေးကြူ  (မုံရွာအောင်ရှင်) နဲ့လည်း ဒေလီမှာပဲတွေ့ကြတယ်။ ကိုသောင်းစိန် (ပုလဲ) ကတော့ ခေတ်တိုင်းမှာ လူကြီးလုပ်နေလေရဲ့။ ငါနဲ့က လိုင်းမတူဘူး။ စိုးတင့်ဝင်းက ပုလဲကနေ ဖုန်းဆက်တယ်။ ဒီကောင်က ဓါတ်ပုံဟောင်း ပို့ပေးသေတယ်။ သူ့သမီးတောင် ဆရာဝန်ဖြစ်သွားပြီ။ ကိုသောင်းဌေးက ဖေ့စ်ဘွတ်ကနေရေးတယ်။ မျိုးသန့်ဦးရဲ့ညီနဲ့ နေ့တိုင်လို ဖေ့စ်ဘွတ်မှာတွေ့တယ်။ ဌေးသိန်းကိုလည်း တဆင့်သတင်းကြားရတယ်။ အမာ + ဖိုးနီ သတင်းလည်းကြားမိသေးတယ်။

မေဘယ်လ်တို့ မုံရွာမှာပဲလား။ ငါလည်းလာချင်တယ်။ ၂၅ နှစ်ရှိသွားပြီ။ စာရေးပါအုံး။ ပြန်ငယ်ရတာပေါ့။

ကိုဝင်းခင် ငါ ဒေလီမှာနေတုံးက ဘုရားဖူးလာရင်း ငါ့ကို လာတွေ့တယ်။ သိန်းအောင် နေမကောင်းတာကို သူ့သမီးဆီကနေ သိတယ်။ ငါပုလဲမှာနေတုံးက တင်းနစ်ရိုက်ဖက်။ ငါ့ဆေးခန်းလေးကို သူဆောက်ပေးတာ။ သူငယ်ချင်းတွေကို သတိရလို့ စာလေးတပုဒ်ရေးထားတာကို ပို့လိုက်တယ်။ စတိတ်တူးကဆို ကိုဝင်းခင်နဲ့ ဖိုးသိန်းအောင်ပါတယ်။ ကျန်တာတွေက ဆေးမန်းက သူငယ်ချင်းတွေပေါ့။ နောက်တခါဆို မေဘယ်လ်တို့နာမည်ပါ ထည့်မယ်။

• သူငယ်ချင်း မင်း အဲဒီနိုင်ငံသွား အလုပ်လုပ်နေရတာ သိရတယ်။ အေးကွာ ငါလဲ ဒီနိုင်ငံမှာ ကြာပြီဘဲကွ။
• သူငယ်ချင်း မင့်မှာလဲ မြေးတွေရပြီဆို။ အေးလေ ကလေးတွေတုံးကလဲ မင်းတယောက်ဆို ငါတယောက်။ မြေးတွေလဲ အတူလောက်နေမှာပေါ့။
• သူငယ်ချင်း မင်းမျက်စိတွေ မကောင်းတော့ဘူးဆို။ ငါလဲ ငါ့အိမ်ကလေးကို မမြင်နိုင်တာ ကြာလှပြီကွာ။
• သူငယ်ချင်း မင်းလေဖြတ်နေတယ်လို့ ကြားရတယ်။ မင်းဦးစီးဆောက်ပေးခဲ့တဲ့ ငါ့ဆေးခန်းလေးလဲ မလှုပ်နိုင်မယှက်နိုင် ဘဝတူပါဘဲကွာ။
• သူငယ်ချင်း မင်းဆုံးသွားတဲ့သတင်း ချက်ချင်းကြားတယ်။ ငါမရှိတုံး မင်းကြည့်ပေးခဲ့တဲ့ ငါ့အမေဆုံးတော့ ငါက လေးလလောက်နေမှ သိရတယ်ကွ။
• သူငယ်ချင်း မင့်သတင်း တစွန်းတစမှ ငါမကြားရပါလား။ အေးပေါ့ကွာ ငါ့ကိုလဲ သိတဲ့သူကသာ သိကြတယ် မဟုတ်လား။
• သူငယ်ချင်း မင့်သတင်းတွေ ငါနဲနဲကြားတယ်။ အောင်မြင်နေတာ အရမ်းဘဲတဲ့။ မင့်အကြောင်းကို မဲ့ရွဲ့ ပြောကြတာလဲ ငါကြားတာဘဲကွ။ အဲလိုဘဲ ငါလဲ ချီးမွမ်းခံရတာရော ကဲ့ရဲ့တာပါ ခံရတယ်ကွ။
• သူငယ်ချင်း မင့် ငါ့ဆီအရောက်လာတွေ့တာ ဘယ်လိုဝမ်းသာလဲ မပြောတတ်ဘူး။ မင့်အိမ်ထောင်ရေး ကံမကောင်းဘူးဆိုလို့ စိတ်မကောင်းဘူးကွာ။ ငါ့နိုင်ငံရေး ကံမကောင်းသေးတာအတွက်တော့ မင်း နေ့တိုင်း ဆုတောင်းပေးရမယ်နော်။
• သူငယ်ချင်း မင်းနဲ့ပြန်တွေ့ရတာ မင့်အကို မကျန်းမာလို့နော်။ အေးကွာ တိုင်းပြည်ကြီး မကျန်းမာတော့ ငါ့မှာ သူငယ်ချင်းတွေ အများကြီးရတယ်ကွ။
• သူငယ်ချင်း မင်းက ငါစာရေးတိုင်း လိုက်ခ်လုပ်တာ ငါကျေးဇူးတင်တယ်။ မင်းက ငါ့လို နိုင်ငံရေးပါတီထဲ မဝင်တာ ငါသိတယ်။ အတူတူပါဘဲကွာ ငါ့ပါတီတခုထဲအတွက် ငါလုပ်နေတာ မဟုတ်ဘူးကွ။

ဒေါက်တာတင့်ဆွေ
၁ဝ-၁-၂ဝ၁၄
၂၉-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ