Shocked country ရှော့ခ်ဖြစ်နေတဲ့တိုင်းပြည်

မနှစ်က မေလထဲမှာ ပခုက္ကူဆေးရုံမှာ ဆေးမတည့်လို့ လူနာတယောက်သေဆုံးသတင်းနဲ့ နောက်ဆက်တွဲ သတင်းတွေ ဖတ်လိုက်ရပါတယ်။

ပုံမှာပါတဲ့ EpiPen ခေါ်တဲ့ ဆေးမတည့်လို့ဖြစ်တဲ့ ရှော့ခ် ခေါ်တဲ့ အနာဖလက်ဆစ် အရေးပေါ်ထိုးဆေး မြန်မာပြည်က ဆေးရုံဘယ်နှစ်ခုမှာ ဖြည့်တင်းပေးထားပါသလည်း။ Epinephrine autoinjector လို့ခေါ်တယ်။ ဆေးကို ဆေးထိုးအပ်နဲ့ အဆင်သင့်လုပ်ထားပြီးသား။ တိုးတက်တဲ့နိုင်ငံတွေမှာ အဲလိုအရေးပေါ်အတွက် အဆင်သင့် လုပ်ထားပေးတာတောင်မှ သေဆုံးမှုတွေရှိတတ်တယ်။

ယူကေနိုင်ငံက တော်ဝင်ဆေးပညာအသင်း ဂျာနယ်မှာ ၁-၃-၂ဝဝ၈ နေ့ထုတ်ထဲမှာ သုတေသနတခုရှိပါတယ်။ အင်္ဂလန်နိုင်ငံမှာ အနာဖလက်ဆစ် ခေါ်တဲ့ဓါတ်မတည့်မှု (ရှော့ခ်) တမျိုးသားလုံးဖြစ်နှုန်းနဲ့ ကုသဆေး အဒရီနယ်လင် ဆေးသုံးခြင်းကို လေ့လာမှုပြုထားတာ ဖြစ်ပါတယ်။ စုဆောင်းရယူခဲ့တဲ့ ၂ဝဝ၁ ကနေ ၂ဝဝ၅ အတွင်းက မှတ်တမ်းပေါင်း ၉ သန်းရှိတယ်။ အသက်-လိင်ခွဲခြားထုတ်ယူတယ်။

ရလဒ်
• Age-sex standardized incidence of anaphylaxis ၂ဝဝ၁ မှာ လူနာ တသိန်းမှာ ဖြစ်နှုန်း ၆့၇ ယောက်။
• Lifetime age-sex standardized prevalence ဖြစ်ပွါးနှုန်း ၂ဝဝ၁ မှာ လူနာ တသိန်းမှာ ဖြစ်နှုန်း ၅ဝ ယောက်။
• Age-sex standardized incidence of anaphylaxis ၂ဝဝ၅ မှာ လူနာ တသိန်းမှာ ဖြစ်နှုန်း ၇့၉ ယောက်။
• အဖြစ်တိုးလာမှု ၁၉% ရှိတယ်။
• Lifetime age-sex standardized prevalence ဖြစ်ပွါးနှုန်း ၂ဝဝ၅ မှာ လူနာ တသိန်းမှာ ဖြစ်နှုန်း ၇၅့၅ ယောက်။
• အဖြစ်တိုးလာမှု ၅၁% ရှိတယ်။
• ၂ဝဝ၅ ခုနှစ်အကုန်မှာ ဘဝတသက်တာမှာ အနာဖလက်ဆစ်ဖြစ်ဘူးသူပေါင်း ၃၇၈ဝဝ ယောက်ရှိခဲ့တယ်။
• Adrenaline အဒရီနယ်လင်ဆေးသုံးစွဲမှု ၉၇% တိုးလာတယ်။ လူနာ ၁၃၃၃ ယောက်မှာ ၁ ယောက်ကျဖြစ်တယ်။

NEMJ Journal Watch အမေရိကန်ပြည်ထောင်စု ဂျာနယ်ထဲမှာ ၂၂-၄-၂ဝ၁၄ နေ့က ရေးထားလည်းရှိပါတယ်။
ဆေးရုံတင်ရတဲ့ အသက်ကြီးသူတွေကို အန္တရာယ်ဖြစ်မှုနဲ့ သေဆုံးမှုကို လေ့လာတာဖြစ်တယ်။ ယူအက်စ်မှာ အနာဖလက်ဆစ်ဖြစ်ပွားမှု တိုးနေတယ်လို့ ဆိုပါတယ်။ ယူအက်စ်နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အနာဖလက်ဆစ် ဖြစ်ပွါးမှုတိုးလာတယ်။

Case-fatality rates and mortality သေဆုံးမှုကို ဆန်းစစ်ချက်လုပ်ထားတယ်။ ၁၉၉၉ ကနေ ၂ဝဝ၉ အထိ နှစ်စဉ် အနာဖလက်ဆစ်ကြောင့်ဆေးရုံတက်ရသူအရေအတွက် ၅၇ဝဝ ကနေ ၇၇ဝဝ အထိများလာတယ်။ ဒီကာလအတွင်းမှာ သေဆုံးမှု ၆ဝ ရှိခဲ့တယ်။ ပထမ ၅ နှစ်အတွင်း ၁% သေဆုံးတယ်။ ဒုတိယ ၅ နှစ်အတွင်း နည်းနည်းလျော့လာခဲ့တယ်။ ၂ဝဝ၆ ကနေ ၂ဝဝ၉ အတွင်း နှစ်စဉ် လူနာ ၂၅ဝဝဝ ကနေ ၃ဝဝဝဝ အထိတိုးလာတယ်။ တနှစ်မှာ လူနာ ၈ဝ သေဆုံးတယ်။ Case-fatality rate ဝ့၃% သေဆုံးတယ်။ အသက် ၇၅ နှစ်ကနေ ၈၄ နှစ်မှာ အများဆုံးသေဆုံးရတယ်။ ဆေးဝါးက အများဆုံးဖြစ်တယ်။ အဆိပ်ကြောင့်ဖြစ်တာက ဒုတိယလိုက်တယ်။ စုစုပေါင်း လူနာ ၂ဝဝ လောက် နှစ်စဉ် အနာဖလက်ဆစ်ကြောင့်သေဆုံးတယ်။

မသေတဲ့ဆေးသမား မရှိပါ။ မဆင်းချင်တဲ့ အာဏာရှင်သာရှိတယ်။ ပြန်တက်ချင်တဲ့ အာဏာရှင်သာရှိတယ်။ ရှေ့နေတွေကို မပြောလို၊ တရားသူကြီးတွေသာ ပြောလို။ တရားသူကြီးတွေ အထက်ကလူတွေကိုပြောချင်တယ်။ မြန်မာပြည်ကြီး ရှော့ခ် ဘေးက ဝေးပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၅
၂၈-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး