Pakistani Taliban attempts to recruit Rohingyas to kill Myanmar's rulers

မြန်မာခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပါကစ္စတန် တာလီဘန်တွေကနေ ရိုဟင်ဂျာတွေကိုစုဆောင်းနေ

ဇွန်လ (၉) ရက်နေ့ထုတ် (ဆစ်ဒနီ မောနင်း ဟာရယ်) မှာ မနက် ၁ဝ နာရီ ၂၃ မိနစ်က ဖေါ်ပြတဲ့ သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့တုံးက ပါကစ္စတန် တာလီဘန်တွေကနေ မြန်မာပြည်ကို အုပ်ချုပ်နေသူတွေကို သတ်ဖြတ်ဖို့ မြန်မာပြည်က မွတ်ဆလင်တွေ ထကြွကြဘို့ဆော်သြလိုက်ပါတယ်။ ဓါးလက်နက်ကိုင်ကြဘို့ဆိုရင် တာလီဘန် ရင်းမြစ်တွေနဲ့ သင်တန်းနဲ့လိုအပ်တာတွေက အဆင်သင့်ရှိတယ်လို့ဆိုပါတယ်။

Tehreek-e-Taliban Pakistan (TTP) movement တီတီပီ လှုတ်ရှားမှုရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ အစွန်းရောက် Jamaat-ul-Ahrar အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Ehsanullah Ehsan ကနေ မြန်မာရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေ နစ်နာနေရမှုအပေါ်မှာ စာနာကြောင်းပြောပါတယ်။

မြန်မာပြည်ကတော့ ၁့၃ သန်းသော ရိုဟင်ဂျာတွေကိုနိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားပါတယ်။ မိသားစုအရွယ်အစား၊ သွားလာမှု၊ အလုပ်လုပ်ခွင့်စတဲ့ ကန့်သတ်မှုတွေလည်းလုပ်တယ်။ Pakistan Tehreek e Insaaf ပါတီက တက်ကြွသူတွေကနေ တနင်္ဂနွေနေ့မှာပဲ မူလ်တန်ပြို့လယ်ခေါင်မှာ မြန်မာအလံကိုမီးရှို့ပါတယ်။

TTP အဖွဲ့ဟာ ၂ဝဝ၇ ခုနှစ်ကတည်းက ပါကစ္စတန်နိုင်ငံထဲမှာ လူထောင်ပေါင်းများကို သတ်ဖြတ်ခဲ့ပေမယ့် သူ့တိုင်းပြည် အပြင်ကိုတော့ ထွက်မလာသေးပါဘူး။ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif နာဝပ်ရှရစ်ဖ်ကနေ ရိုဟင်ဂျာတွေကို ကူညီဘို့ အထူးကော်မတီတရပ် ဖွဲ့ထားပြီး ဖြစ်ပါတယ်။

မကြာသေးခင်ကာလအတွင်း al-Qaeda အပါအဝင် အမျိုးမျိုးသောမွတ်ဆလင်အဖွဲ့တွေကနေ ရိုဟင်ဂျာတွေအတွက် ထောက်ခံတဲ့ကြေညာချက်တွေ ထုတ်ခဲ့ကြပါတယ်။ အခုထိတာ့ ရိုဟင်ဂျာတွေက လက်နက်ကိုင်ဘို့ စိတ်ဝင်စားကြခြင်း မရှိသေးပါ။ နိုဗယ်ဆုရှင် Malala Yousafzai မာလာလာကလည်း တနင်္လာနေ့တုံးက မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်မှု အလျင်အမြန် လုပ်ပေးဘို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းထဲမှာ မွတ်ဆလင်က ခန့်မှန်းခြေ ၄% ရှိပြီး အဲဒီထဲက တဝက်ကျော်က ရိုဟင်ဂျာတွေ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၈-၆-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး