Royal Sword သံလျက်တော်ပျောက်မှု

Koko Laykoko ဆရာ ပဒကုသလ အနည်းအကျဉ်းပြောပြပါလား။ ကျနော်အပါဝင် မသိသူများ မျက်စိပိုကျယ်သွားတာပေါ့။

ပဒကုသလဇာတ်ဆိုတာ ဘုရားအလောင်း ပဒကုသလလုလင်အကြောင်းဖြစ်တယ်။ သူ့မိခင် ဘီလူးမကပေးခဲ့လို့  စိန္တာမဏိဂါထာကို ရထားတယ်။ စိန္တာမဏိဂါထာအစွမ်းကြောင့် ပဒကုသလဟာ ခြေရာကောက်အတတ်ပညာကို တတ်တယ်။ ဘုရင်ရဲ့ ပျောက်ဆုံးနေတဲ့ဘဏ္ဍာကိုပါ ရှာဖွေဖေါ်ထုတ်ပေးနိုင်ခဲ့တယ်။

ဘုရင်ဟာ သူ့ကိုအသက်အန္တရာယ်ပြုလာမှာကို စိုးရိမ်လာတယ်။ သန်လျက်ကို ကိုယ်တိုင်ဖွက်ထားပြီး၊ ပဒကုသလကို သန်လျက်အရှာခိုင်းတယ်။ ဇာတ်မင်းသားတွေကနေ ဒီဇာတ်ကိုခင်းတဲ့အခါ ငိုချင်းချကြတယ်။

အကြံရခက်လေသနော့့် သံလျက်တော်ယူသည့် သူခိုးရယ်က၊ သူ့အမျိုးဟာ ဧကရီမို့ အမျိုးအမည်ကို ထုတ်ဖော်ကာ မပြောပါရစေနဲ့ ဓား ကုပ်ပေါ်မှာဝဲ့။

အကြံရခက်လေသနော့့် သန်လျက်တော်ယူသည့် သူခိုးကိုလ၊ သူ့အမျိုးထုတ်ဖော်ပြောရလျှင်၊ ဓားကုတ်ပေါ်မှာဝဲ၊

သူခိုးကလိမ္မာ့ မျက်နှာကြီးဟာမို့၊ စနက်မီးပမာ၊ ထိရာက ရှပါလိမ့်မယ့့်။

သန်လျက်ကို ဘုရင်ကိုယ်တိုင် ဖွက်ထားတာကို ပဒကုသလကသိတယ်။ ဘုရင်ကိုယ်တိုင် အကောက်ကြံတာကိုလည်း သိတယ်။ မြန်မာနိုင်ငံသားတွေလည်း စိန္တာမဏိဂါထာရကြလို့ ဘယ်သူအကောက်ကြံထားသလည်း သိနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး