Alcohol and pregnancy အရက်နဲ့ကိုယ်ဝန်

သိပ်မကြာသေးပါ သတင်းတခုထွက်လာတယ်။ အမျိုးသမီးတွေကို အရက်မရောင်းရဥပဒေလုပ်တော့မယ်တဲ့။ ဒါပေမယ့် မိတ်ဆွေဆရာဝန်တယောက်က တင်ပေးထားတယ်။ မြန်မာအမျိုးသမီးတွေလည်း မြန်မာလို ခေတ်မီနေကြပါပေါ့လားတဲ့။ အဲဒီဓါတ်ပုံထဲကအတိုင်းဆိုပါလား။

ကျွန်တော်ကို မနှစ်လောက်က မေးလာတာတခုလည်းရှိတယ်။ ဆရာ အမျိုးသမီးက ကလေးနို့တိုက်နေပါတယ်။ ကလေးမွေးပြီး နှစ်လလောက်မှာ ခွဲထားတဲ့အနာကျက်အောင်ဆိုပြီး ဝိုင်နီတစ်ခွက် ညစဉ်သောက်ဖြစ်ပါတယ်။ ဒါ့အပြင်း ကျွန်တော် ဘီယာသောက်ရင် တစ်ခါတစ်ရံ သူလည်း အများဆုံးတစ်ခွက်သောက်ပါတယ်။ ဒီလိုသောက်မိတဲ့အတွက် ကလေးကို ဘာတွေများထိခိုက်သွားနိုင်ပါလဲဆရာ။ ယခု ဆရာ့စာဖတ်ပြီး လုံးဝမသောက်ရန် ဂရုစိုက်သွားပါပြီ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါခင်ဗျာ။ အမျိုးသမီးများ အရက် (သို့မဟုတ်) ဘီယာကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သောက်သုံးမယ်ဆိုရင် ဆိုးကျိုးရနိုင်ပါသလားဆရာ။

ကိုယ်ဝန်ဆောင်ရင် အရက်လုံးဝမသောက်ဘို့ ဆရာဝန်တိုင်းကနေ တိုက်တွန်း၊ တားမြစ်ပါတယ်။ အထဲကကလေးကို သက်ရောက်မှုတွေ ဖြစ်စေတယ်။ မွေးပြီးနောက်မှာ ကလေးဟာ ရေရှည်ခံစားရနိုင်တာတွေ ရှိလာနိုင်ပါတယ်။

အရက် (ဝီစကီ၊ ဝိုင်၊ ဘီယာ၊ ရှန်ပန်း၊ ရမ်၊ ဗော်ဒ်ဂါ၊ အားလုံး) ကို ပါးစပ်ကနေသောက်လိုက်ရင် ခပ်မြန်မြန်နဲ့ သွေးထဲကို ရောက်တယ်။ ဗိုက်ထဲကကလေးသွေးထဲကို အချင်းကနေတဆင့်ကူးပြီး ရောက်သွားမယ်။ မိခင်လောင်း အရက်သောက်သလောက် အထဲကကလေးဆီရောက်ပါတယ်။ တခွက်သောက် တခွက်ရောက်လို့ပြောနိုင်တယ်။
သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်မယ်။ လူတွေအရက်သောက်လိုက်ရင် အရက်ထဲပါတဲ့ဓါတ်တွေကို ပြောင်းလဲပြစ်တယ်။ ကလေးမှာ အဲဒီဖြစ်စဉ်က အတော်ကြီးအချိန်ကြာတယ်။ အရက်ကို အသည်းနေ အဆိပ်အတောက်တွေဖယ်ပေးတယ်။ ကလေးအသည်းက ဘယ်လောက်မှ လုပ်နိုင်သေးတာမဟုတ်ပါ။ ဒီတော့ ကလေးသွေးထဲမှာ အရက်က ကြာကြာနေမယ်။ မူးနေတာကြာမယ်။

မိခင်လောင်းက အရက်ကို များများ၊ ကြာကြာသောက်ရင် သူကနေမွေးလာမဲ့ကလေးမှာ ဒါတွေဖြစ်လာနိုင်တယ်။
• Behavior and attention problems အမူအယာနဲ့ စူးစိုက်မှုပြဿနာ၊
• Heart defects မွေးရာပါ နှလုံးရောဂါ၊
• Changes in the shape of the face မျက်နှာပုံပန်းပြောင်းခြင်း၊
• Poor growth before and after birth သန္ဓေဘဝနဲ့ မွေးလာပြီးနောက်မှာ ဖွံ့ထွားမှု ထိခိုက်ခြင်း၊
• Poor muscle tone and problems with movement and balance ကြွက်သားအားနည်း၊ ထိန်းညှိလုပ်ဆောင်မှုအားနည်းခြင်း၊
• Problems with thinking and speech တွေးခေါ်မှုနဲ့ စကားပြောထိခိုက်ခြင်း၊
• Learning problems သင်ယူမှုထိခိုက်ခြင်း။

တသက်တာဖြစ်မယ်။ အပျော့အပြင်းတော့ မတူကြပါ။
• Cerebral palsy မျက်နှာတခြမ်းလေဖြတ်ခြင်း၊
• Premature delivery အချိန်စောမွေးခြင်း၊
• Miscarriage or stillbirth ကိုယ်ဝန်ပျက်ခြင်း (သို့) အသေမွေးခြင်း။

ဝိုင်၊ ရှန်ပိန်၊ ချောကလက် စတာတွေဟာ ကမ္ဘာမှာ အမြတ်အစွန်း အလွန်မတန်ကြီးမားတဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေ ဖြစ်တယ်။ ငွေများတော့ ကြော်ငြာအားကြီးမားတယ်။ ဆေးပညာသုတေသနထဲအထိဝင်တယ်။ မနေ့က နောက်ဆုံးရ ဆေးသုတေသနသတင်းတခုထွက်တယ်။ အရင်ကထင်ခဲ့တဲ့ ဝိုင်နီနဲ့ ချောကလက်စားရင် လိင်စိတ်ကို နှိုးဆွပေးတယ် ဆိုတာ မဟုတ်ပါတဲ့။ ဒါမထွက်ခင်က အလွန်သည်းခြေကြိုက် ဆေးပညာသတင်းဖြစ်ခဲ့ပါတယ်။

နို့တိုက်မိခင် အရက်သောက်ရင် နို့ထဲကိုလဲ အရက်ဓါတ်ဝင်ပါတယ်။ အနည်း-အများတော့ နည်းနည်းစီကွာတယ်။ အရက် ဘယ်လောက်ဆိုရင် အန္တရာယ်ရှိသလဲ။ တိတိကျကျမပြောနိုင်ပါ။ များလေဆိုးလေဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ