Credibility သူ့အသိ ကိုယ့်အသိ အများအကျိုးရှိ
ForInfo Programs
5:37 am မင်္ဂလာပါဆရာ။ ဆရာ့ရဲ့ Page မှာတင်ထားတဲ့ ကျန်းမာရေးအကြောင်းအရာတွေကို ForInfo ရုပ်သံလိုင်းရဲ့ Online corner အစီအစဉ်မှာ ပြန်လည်အသုံးပြုချင်လို့ပါ။ အဲဒါကြောင့် ဆရာ့ဆီက အသုံးပြုခွင့်တောင်းခံချင်ပါတယ်။ ဘယ်လို ဆက်သွယ်ရမလဲ သိချင်ပါတယ်။
• ဟုတ်။ ခွင့်တောင်းလို့ လေးစားပါတယ်။
• လိင်ပိုင်းဆိုင်ရာစာတွေကို ဆွဲဆောင်စေတဲ့ပုံတွေ၊ ဗီဒီယိုတွေနဲ့ တွဲမသုံးစေလိုပါ။
• ဆေးပညာစာကို ဆေးရောင်းသူတွေလို၊ တခါတည်းနဲ့ ၉၆ ပါးပျောက်မလိုလို၊ မီဒီယာသမားတွေလို၊ အခုပဲ အသက်ဆုံးရတော့မလို ဖြဲခြောက်တာ မသင့်ပါ။
• အရပ်ဆေးနည်းပေးပြီ့း့ ဖြစ်နေသူများ စိုးရိမ်စရာမလိုတော့ပါဆိုတဲ့ လိမ်နည်းမျိုး မသင့်ပါ။
• စာရိုက်လွဲတာ၊ သတ်ပုံမှားတာတွေရင် တကယ်တတ်တဲ့သူကနေပြင်ပေးပါ။ ဒါပေမယ့် စစ်အစိုးရကနေ အတင်းပြင်ခိုင်းထားတဲ့သတ်ပုံကို လက်မခံပါ။ (တ) နဲ့ (တစ်)။
• ခုတလောမေးခွန်းတွေမှာ တွေ့နေတဲ့သတ်ပုံအမှားတွေကို လက်မခံပါ။ ဥပမာ (ပြီး) ကို (ပီး)၊ (ကလေး) ကို (ခလေး)။
• ကျွန်တော်ရေးပြီးစာတွေမှာလည်း စာရိုက်လွဲတာ၊ သတ်ပုံမှားတွေကို ဖတ်ရင်း ပြန်ပြင်နေပါတယ်။ မပြည့်စုံသေးပါ။ ဆေးသုတေသနသစ်၊ လမ်းညွှန်သစ်တွေပေါ်တိုင်း ထပ်ပြီးပြင်ပါတယ်။ ဥပမာ HIV ဆေးပေးနည်း၊ (စီ) ပိုး ဆေးသစ်။ သားအိမ်ဝကင်ဆာ စစ်ဆေးနည်း။
ဒေါက်တာတင့်ဆွေ
၉-၆-၂ဝ၁၅
doctortintswe@gmail.com

Comments
Post a Comment