Milk of Magnesia (MoM)

MOM လည်းခေါ်တယ်။ Cream of Magnesia လို့လည်းခေါ်တယ်။ Magnesium hydroxide (မက်ဂနီဆီယမ် ဟိုက်ဒရောဆိုက်) ဝမ်းပျော့ဆေးဖြစ်တယ်။ အသုံးများတယ်။ တလွဲသုံးနေသူတွေကို သတိပေးချင်လို့ သည်စာကိုရေးပါတယ်။ တခြားအသုံးတွေကိုလည်းသိစေချင်လို့။

(အော့စ်မောတစ်) အမျိုးအစားဝမ်းနုပ်ဆေးဖြစ်တယ်။ (အော့စ်မောတစ်) ဖိအားသဘောအရ ကိုယ်ထဲကရေကို အူမကြီးထဲကို စုပ်ယူပေးတယ်။ ဆေးရည်ရှိတယ်။ ဆေးပြားရှိတယ်။ ဆေးသောက်ပြီး နာရီဝက်ကနေ ၆ နာရီမှာ ဝမ်းသွားစေမယ်။

သတိပေးချက် = ရေတိုအတွက်သာသုံးပါ။ ကြာကြာသုံးရင် အူမကြီးအလုပ်ကိုထိခိုက်မယ်။ ဝမ်းချုပ်တာဖြစ်လာစေမယ်။ ကျောက်ကပ်မကောင်းသူ မသင့်ပါ။

ဘေးထွက်ဆိုးကျိုးများ = ဗိုက်နာ၊ ဗိုက်အနေရခက်၊ အန်၊ ဝမ်းလျော၊ Dasatinib (Sprycel), Delavirdine (Rescriptor), Digoxin (Digox, Lanoxin), Phosphate supplements နဲ့ Some antibiotics တချို့ပိုးသေဆေးတွေနဲ့ ဓါတ်ပြုနိုင်တယ်။

ဆေးဘယ်လောက်ပေးမလည်း
လူကြီး (၁၂ နှစ်အထက်) = ဟင်းစားဇွန်း ၁-၂ ဇွန်းညအိပ်ယာဝင်၊ ရေတဖန်ခွက်နဲ့သောက်ပါ။
၆-၁၁ နှစ် လူကြီးထက် တဝက်သောက်ပါ။ ၆ နှစ်အောက် ဆရာဝန်ပြောပြီးမှသောက်ပါ။

Antacid အက်စစ်ပျယ်ဆေးအနေနဲ့လည်းသုံးတယ်။ ဝက်ခြံမှာလည်း ပိုးသေဆေးသောက်ပြီး ဒီဆေးရည်လိမ်းရတယ်။ အဆီပျံအရေပြားအတွက်လည်း လိမ်းဆေးအဖြစ်သုံးတယ်။

Deodorant အနံ့ပျောက်ဆေးအနေနဲ့လည်းသုံးကြတယ်။ ချိုင်းမှာနည်းနည်းလိမ်းပေးရတယ်။ ခြောက်သွားမှ အဝတ်အစား ဝတ်ပါ။ နောက်တနည်းက Roll-on deodorant အခွံထဲကို ဒီဆေးရည်ထည့်သုံးရတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး