Not arrogance မာနမဟုတ်ပါ

အစိုးရအပါအဝင် တချို့လူတွေနဲ့ သဘောချင်းမတူတဲ့ သမိုင်းခြင်းရာတွေ၊ သဘောထားအယူအဆတွေ၊ သတ်ပုံသတ်ညွှန်းတွေကိုလည်း ရေးဖြစ်ပါတယ်။

ကျွန်တော့်ကို မြန်မာစာနဲ့ ပထဝီသင်ပေးခဲ့တဲ့ဆရာတွေတော့ ကွယ်လွန်သွားကြပြီ။ သမိုင်းဆရာမ သက်ရှိထင်ရှား ရှိသေးတယ်။ ဆရာဆရာမတွေကို အသက်ရှိသေးသူရော ကွယ်လွန်သူတွေကိုပါ ရိုသေလေးစားပြီး၊ သင်ပေးတာတွေကို လိုက်နာပါတယ်။ အစိုးရကသဘောမကျတဲ့ အချက်အလက်နဲ့ သတ်ပုံကြောင့် ကျွန်တော့်စာတွေကို စာအုပ်မထုတ်ရလည်း ဝမ်းမနည်းပါ။

မာနမဟုတ်ပါ ပညာဖြစ်ပါတယ်။ မမှန်ဘူးထင်တာကို အန်တုခြင်းဖြစ်ပါတယ်။ အာစရိယဂုနော အနန္တောဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး