HIFU FAQs ပြင်းအားများ အာလ်ထွာဆောင်းနည်းနဲ့ကုသခြင်း မေးလေ့ရှိသောမေးခွန်းများ

High Intensity Focused Ultrasound (HIFU) ကို ရန်ကုန်မှာစသုံးတော့မယ်ဆိုတဲ့သတင်းကို မနေ့က တင်ထားပါတယ်။ ဒီနည်းနဲ့ ယောက်ျားဆီးကျိတ်ကင်တာကုသရာမှာ မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေရဲ့အဖြေတွေကို သိစေချင်ပါတယ်။

၁။ Prostate cancer ဆီးကျိတ်ကင်ဆာအတွက် ဘယ်လိုသုံးသလည်း
ခါးထုံဆေးထိုးမယ်။ ဓါတ်ရောင်ခြည်မပါတဲ့ အသံလှိုင်းကို ဆီးကျတ်ကင်ဆာဆဲလ်တွေဆီ ပစ်မှတ်ထားမယ်။ ၂-၃ နာရီ ကြာမယ်။ အစာဟောင်းအိမ်ထဲကို စအိုကနေတဆင့် Rectal probe အချောင်းလေးထည့်မယ်။ အာလ်ထွာဆေင်း(ဘင်းမ်) ကို ကင်ဆာဖြစ်နေတဲ့ဆီချိန်မယ်။ ကင်ဆာတစ်ရှူးတွေကို ဖျက်ပြစ်မယ်။ အပျက်အစီးတွေကို ကိုယ်ခန္ဓာကနေ အလိုလို ရှင်းပြစ်မယ်။

၂။ Disadvantages of HIFU အားနည်းချက်တွေကဘာတွေလည်း
ယူအက်စ်မှာ HIFU နည်းကို FDA ကခွင့်မပေးသေးပါ။

၃။ HIFU effectiveness in treating prostate cancer ဆီးကျိတ်ကင်ဆာထိရောက်မှု
အခုထိတော့ ထိရောက်မှုအတွက် ခိုင်မာတဲ့ဒေတာ မပြည့်စုံလှသေးပါ။ ရေရှည်အတွက်လည်း မပြောနိုင်သေးပါ။ ခွဲစိတ်ကုသမှုမခံနိုင်တဲ့လူနာအတွက်တော့ ပိုကောင်းတဲ့ကူသနည်းဖြစ်တယ်။ ဓါတ်ရောင်ခြည်ပေးပြီး ပြန်ဖြစ်သူတွေကိုလည်း ကောင်းတယ်။

၎။ HIFU နဲ့ Robotic Prostatectomy Surgery စက်ရုပ်သုံးခွဲစိတ်နည်း ဘာကွာခြားသလည်း
HIFU နည်းနဲ့ ကင်ဆာအကျိတ်ကိုထုတ်ပြစ်လို့မရပါ။ ကင်ဆာဆဲလ်တွေကိုသာပစ်မှတ်ထားပြီး သေစေတယ်။ HIFU နည်း လုပ်သူက PSA levels ကိုစစ်နေရမယ်။ တခြားလက္ခဏာတွေကိုလည်းကြည့်နေရမယ်။ ဆီးကျိတ်ရှိနေသေးသမျှ PSA level အတက်အကျရှိနေမယ်။ Robotic prostatectomy surgery နည်းနဲ့လုပ်တာက ကင်ဆာဆီးကျိတ်ကို ထုတ်ပြစ်တာ ဖြစ်တယ်။ နောက် ၆ လအကြာမှာ PSA level စမ်းမရတဲ့အထိကျသွားမယ်။

၅။ Side effects of HIFU နည်းရဲ့ ဘေးထွက်ဆိုးကျိုးများ
• Erectile dysfunction လိင်အင်္ဂါသန်မှုကျဆင်းမယ်။ ပန်းသေပန်ညှိုး ၃ဝ-၇ဝ% ဖြစ်မယ်။
• Ejaculation problems သုက်လွှတ်မှုအခက်အခဲရှိမယ်။ Retrograde ejaculation နောက်ပြန်ထွက်တာလည်း ရှိနိုင်တယ်။
• Urinary incontinence ဆီးမလုံတာဖြစ်နိုင်တယ်။
• Urinary frequency and burning ဆီးခဏခဏသွားခြင်ပြီး ဆီးပူမယ်။
• Rectal wall injury from probe အစာဟောင်းအိမ်ကိုထိခိုက်မှုရှိနိုင်တယ်။
• Rectal incontinence, burning, and bleeding ဝမ်းမလုံတာ၊ ပူလောင်တာနဲ့ သွေးထွက်တာရှိနိုင်တယ်။
• Prostate infection ဆီးကျိတ်ပိုးဝင်တာဖြစ်နိုင်တယ်။
• Catheter ဆီးပိုက်ကို ၄ ပါတ်လောက်တပ်ထားရမယ်။
• Risk of recurrence ပြန်ဖြစ်နိုင်တယ်။

၆။ Additional prostate cancer treatments after HIFU ထပ်လုပ်စရာလိုမလား
အခုထိ ၁ဝ နှစ်စာဒေတာသာရသေးတယ်။ ကုသမှုခံယူသူတွေထဲက ၁ဝ% ဆီးကသာစုဆောင်းနိုင်တယ်။ နောက် ၆ လ အကြာ ထပ်ကုသရတာရှိနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး