G6PD links

Jun 28th, 5:09am ဆရာရှင့် ခုဒီတစ်ခေါက်ကတော့ ဆရာ့ကိုကျေးဇူးတင်ကြောင်းပြောမလို့ပါ။့ Facebook မှာ ကိုယ်ဝန်ဆောင်မိခင်များ စကားဝိုင်းဆိုပြီး Group လေးရှိပါတယ်။ အဲ့ဒီမှာ ကိုယ်ဝန်ရှိဖို့ကြိုးစားနေသူတွေ ကိုယ်ဝန်ဆောင်သူတွေနဲ့ မိခင်တွေအတွေ့အကြုံ ဗဟုသုတတွေဖလှယ်ကြပါတယ်။့ သားလေးက G6PD ပါဆရာ။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ဆရာရေးထားတာကိုဖတ်ဖူးပါတယ်။ ကိုယ်တိုင်မွေးလာတော့လဲ ဒီလိုဖြစ်လာတော့  တခြားသူတွေထက် ပိုစိတ်ပူမိပါတယ်။ မိဘတွေ အဒေါ်တွေကတော့ ဒီရောဂါအကြောင်း မသိကြတော့ ကို ပိုတယ်လို့တောင်ထင်ပါတယ်။ ထင်လဲထင်ချင်စရာပါ။့ သားလေးကို မွေးတော့စိတ်ချရအောင် အပြင်ဆေးရုံမှာ မမွေးဘဲ ဗဟိုအမျိုးသမီးဆေးရုံမှာမွေးတာပါ။ ကြားထဲက လိုအပ်ချက်တွေတော့ မပြောတော့ပါဘူး။ ကလေးမှာ ဒီလို တွေ့ရတယ်ဆိုတာကို ဆရာဝန်ကအခန်းထဲဝင်လာပြီး ရော့နင်ဒါတွေသိသင့်တယ်ဆိုပြီး မိတ္တူစာရွက်တရွက်ရယ် လက်ကမ်းစာစောင်တခုရယ် ပေးလိုက်ပါတယ်။ မိတ္တူစာရွက်မှာ G6PD အတွက်ရှောင်ရန်နဲနဲပါးပါးရေးထားတယ်။ လက်ကမ်းစာစောင်က အသားဝါအကြောင်းသိကောင်းစရာပါ။ မိတ္တူစာရွက်ကိုတွေ့တော့ ဆရာဝန်ကို မေးတော့မှ အေး နင့်ကလေး အဲ့ဒါဖြစ်နေတာ၊ အဲဒါကြောင့်လာပေးတာဆိုပြီး ပြန်သွားတယ်။့ မှာ အဲ့ဒီနေ့က လက်မှိုင်ချပဲဆရာ။  လူနာစောင့်တွေကတော့ ဘေးကနေ ပိုနေတယ်လို့ပဲထင်တာပေါ့။ အခု့ တို့ စကားဝိုင်းမှာလဲ့ လို မိခင်တွေ အများကြီးပါ။ ဒါပေမဲ့ စသိတဲ့မိခင်တွေက့လိုပဲ ကြုံခဲ့ရလို့နဲ့တူတယ်၊ ရောဂါအကြောင်း ဂဃနဏမသိကြပါဘူး။ သူတို့မှာ စိုးရိမ်စိတ်အ့နဲ့မေးကြပါတယ်။့ လဲတတ်နိုင်သလောက်ရှင်းပြပါတယ်။ မိခင်လောင်းတွေကလဲ စိတ်ပူကြပါတယ်။ မေးတာအရမ်းများလာတဲ့အခါ့ မှာ ဆရာရေးထားတာလေးကို share ရတာခဏခဏပါပဲ။ အဲဒိအတွက်ရော ဗဟုသုတတွေပေးတဲ့အတွက်ရော ကျေးဇူးပါဆရာ။ ဆရာ့ကိုအမြဲလေးစားလျက်ပါ။

1. Chances of passing G6PD on to kids http://doctortintswe.blogspot.com/2015/05/chances-of-passing-g6pd-on-to-kids_26.html
2. G6PD and Blood groups နဲ့ သွေးအုပ်စု http://doctortintswe.blogspot.com/2015/06/g6pd-and-blood-groups.html
3. G6PD Deficiency Support Group http://doctortintswe.blogspot.com/2015/05/g6pd-deficiency-support-group.html
4. G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး http://doctortintswe.blogspot.com/2015/05/g6pd-low-risk-drugs.html
5. G6PD မွေးရာပါရောဂါ http://doctortintswe.blogspot.com/2014/11/g6pd.html

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး