Honesty ရိုးသားမှု

Thurain San ရိုးသားမှုကို ဂုဏ်ပြုထိုက်သူ (၁) ဦး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပဲခင်းမရွာမှာနေတဲ့ ကိုသန်းပို က ဖားကန့်နဲ့ မုံရွာကားဆွဲရင်း ဘုတလင်မြို့နယ် လက်ပံမှာ ပိုက်ဆံအိတ်ကောက်ရခဲ့ပါတယ်။ ပိုက်ဆံအိတ်ထဲမှာပါတဲ့ လိပ်စာကိုဆက်သွယ်ပြီး၊ ပိုင်ရှင်ဖြစ်သူ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ တုံးပင်ကျေးရွာမှာနေထိုင်သူ မခင်ခင်ဝင်းကို ပြန်လည်ပေးအပ်ခဲ့တယ်။ ပိုက်ဆံအိတ်ထဲမှာပါတဲ့ ပစ္စည်းတန်ကြေးက ၉၈ သိန်းကျော်ဖိုးရှိပါတယ်။ ကိုသန်းပိုရဲ့ စိတ်စေတနာကို လေးစားဂုဏ်ယူစရာကောင်းပါတယ်။ Credit to May Thin Gyan

ဆရာ (ပုလဲ) နဲ့ ဒေါ်မြမြအေး (ဘုတလင်) တို့ ဝမ်းသာဂုဏ်ပြုပါတယ်။ ပုလဲနယ်ထဲက ပဲခင်းမရွာဟာ ကျွန်တော့်ကို ၁၉၉ဝ တုံးက မဲပေးခဲ့တဲ့ရွာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၅

Honesty and Cruelty ရိုးသားမှုနဲ့ ကြမ်းကြုတ်မှု

ကျွန်တော့်လည်း အဲလိုရိုးသားဖြူစင်သူတဦးနဲ့ ကြုံခဲ့ပါတယ်။

မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်နေတုံးက မန္တလေးကနေပြန်အလာ တံတားဦးအနောက်ဖက်နားက ရေကမိုးရွာလေးမှာ နားတော့ ကျွန်တော့်ဂျာကင်အင်္ကျီမေ့ကျန်ခဲ့တယ်။ လမ်းတဝက်ရောက်မှ သတိရတယ်။ စီးလာတဲ့ကားပိုင်ရှင် နွားထိုးကြီးနယ်၊ ဆူးဖြူကုန်းရွာက ကိုကျော်ရှိန်ကနေ ခရီးသယ်တွေကိုချထားခဲ့ပြီး ရေကမိုးကိုပြန်မောင်းပို့ပေးတယ်။

ကျွန်တော်တို့ရောက်တော့ ဆိုင်ပိုင်ရှင်က အများရှေ့မှာ ကျွန်တော့်ဂျာကင်ထဲက ရွှေတိုငွေစတွေကို စာရင်းလုပ်နေတယ်။ အားလုံးကိုပြန်ပေးတယ်။ ကျွန်တော်က ဂျစ်ကားဟောင်းလေးတစီးလောက် ဝယ်နိုင်အောင် ငွေစုနေချိန်ကဖြစ်ပါတယ်။

နောက်နှစ်တွေကြာတော့ ဆိုင်ရှင် ဦးသွဲ့ + ဒေါ်အောင်ကြည်တို့ အိန္ဒိယကိုဘုရားဖူးလာကြတဲ့ သတင်းရတယ်။ ဒါပေမယ့် စစ်ထောက်လှမ်းရေးကို ကြောက်ကြရတဲ့ကာလဖြစ်လို့ ကျွန်တော့်တို့ဆီကို တိုက်ရိုက်အဆက်အသွယ်မလုပ်ရဲကြ၊ အိမ်ကိုလည်း လာမလယ်နိုင်ကြပါ။

စေတနာဖြူစင်သူတွေ အသက်ရှည်ချမ်းသာကြပါစေ။ လူအများကိုနှိပ်စက်သူတွေ ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ
၁၈-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး