Emotion အီမိုးရှင်း

မနက်ရောက်ရင် စောစောထပြီး ဘောလုံးပွဲကြည့်နိုင်အောင် သားအငယ်ဆုံးဆီက (လင့်ခ်) လှမ်းတောင်းထားတယ်။ စောစောမထနိုင်လို့ မကြည့်လိုက်ရပါ။ ကွန်ပြူတာဖွင့်ဖွင့်ချင်း သတင်းသိချင်နေတယ်။ ဘယ်သူနိုင်လည်း မေးစရာမလိုပါ။

၅-၆-၂ဝ၁၅ နေ့တုံးကမေးတာတခုရှိတယ်။ Thein Than Oo ဆရာတခါရေးဖူးတဲ့ ဗမာလူမျိုးတွေက အီမိုရှင်နယ် အရမ်း ဆန်တယ်ဆိုပြီး ရေးဖူးသလားလို့ မြန်မာဘောလုံးပွဲနဲပတ်သက်ပြီး။

ကျွန်တော့်ဖိုင်အားလုံးထဲက အီမိုးရှင်းစာလုံးပါတာတွေရှာတော့ ဒါတွေတွေ့ပါတယ်။
• ၂၇-၅-၂ဝ၁၅၊ ၂၈-၅-၂ဝ၁၅ နဲ့ ၂၄-၄-၂ဝ၁၅ နေ့တွေက ကွန်မင့်မှာ (အီမိုးရှင်း) အရုပ်တွေ၊ (စတစ်ကာ) တွေကို နားမလည်ပါ။ ငိုတာလား၊ ရီတာလား မသိပါ။ ဘယ်သူ့ (ပို့စ်တင်တဲ့သူကိုလား၊ စာထဲပါသူကိုလား) ကို ရည်ညွှန်းသလည်း မသိပါ။ ချီးမွမ်းတာလား၊ ပျက်ရယ်ပြုတာလားမသိပါ။
• ၈-၇-၂ဝ၁၄ တချို့က အီမိုးရှင်းအရ ဝမ်းမြောက်ကြတယ်။ ပျော်ကြတယ်။ ငိုချင်းချတယ်၊ ဆဲရေးကြတယ်။

• ကနေ့တော့ ပရိတ်သတ်ကြီး အီမိုရှင်းအရ ငြိမ်နေကြတယ်။ တည်ငြိမ်လာချိန်မှာ မီမိုးရှင်းဒဏ်ခံရတာ သက်သာပါမယ်။
• ၂၈-၈-၂ဝ၁၂ နေ့ကလည်းရေးခဲ့ပါတယ်။ ပညာရှင်ဆိုသူတွေဟာ စာရွက်တွေပေါ်မှာ မှားချင်မှမှားပါလိမ့်မယ်။ လူအများအတွက်တော့ အကျိုးမများစေပါ။ ကြာအုံးမယ်လို့ ပြောသူမျိုးဟာဘာမှ ကိုယ်တိုင်ကိုယ်ကျ ဝင်မလုပ်ဘဲ (သီအိုရီ) တွေထုတ်ပြီး၊ တကယ်လုပ်နေသူတွေကို အားပျက်စေအောင် လုပ်ရာကျတယ်။ အပြောင်းအလဲမြန်ချင်သူတွေကို (အီမိုးရှင်း) မရှိဘို့လည်း ဆုံးမကြသေးတယ်။
• ကျွန်တော်လည်း အီမိုရှင်နယ်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၅-၆-၂ဝ၁၅
၁၅-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး