Quack အရပ်နည်း ထပ်ပြီးမလုပ်ကြပါနဲ့

ကျွန်တော့် ပို့စ်တခု = FillyMor ဖြေရတာမောတဲ့ဆေး

Waihnin Zaw ကျွန်မတို့မိန်းမတွေကလည်း ခက်တော့ခက်ပါတယ်ဆရာရယ်။

ယောက်ျားတွေ ခက်တာတွေလည်းရှိတယ်။ ဖေ့စ်ဘွတ်မှာ တင်လို့မသင့်တာတွေမို့။ ကဲချင်လို့ လက်တည့်စမ်းကြတာ လူဖြစ်ရှုံးသွားသူတွေရှိတယ်။ Quack (ကွက်) ဆိုတာ မြန်မာလိုဘာသာပြန်ရင် ဆေးဆရာအတု (ရမ်းကု) နဲ့ ဘဲမည်သံ ဖြစ်တယ်။ ဘဲလို့ဘမ်းစကားနဲ့ခေါ်တဲ့ ယောက်ျားလေးတွေ (ကွက်) တွေကို အားကိုးမိလို့ ဒုက္ခရောက်ကြတယ်။

ယောက်ျားတွေဆေးထိုးတဲ့ အန္တရာယ်များနေပြီ။ မူးယစ်ဆေးဝါးသာမဟုတ်ပါ။ ကျားအင်္ဂါကို ဆေးထိုးပြီးနောက် ဒုက္ခ ရောက်ကြလို့ မေးလာသူတွေ မနည်းပါ။ အများဖတ်အောင် (ဖေ့စ်ဘွတ်) မပြောနဲ့ ကိုယ်ပိုင် (ဘလော့ခ်) မှာတောင် မတင်သင့်လို့ မတင်ပါ။ အခုတော့ မပြောရင်ပိုဆိုးလာမယ်၊ အရိတ်အမြွက်တော့ ပြောမလားလို့ သဘောရလာပါတယ်။ တချို့ဆိုရင် လူစဉ်မမှီဖြစ်သွားလို့ ဝမ်းနည်းပက်လက်ဖြစ်ကြရတယ်။ အရပ်နည်းတွေနဲ့ ဒုက္ခရောက်တာတွေကို နမူနာလောက်သာ ပေးပါမယ်။ မြန်မာပြည်ထဲမှာသာမကပါ၊ တခြားနိုင်ငံတွေမှာသွားနေကြသူတွေလည်း ခံကြရတယ်။

• ကျနော်သည် အသက် ၂၉ နှစ်ရှိ အိမ်ထောင်သည်တယောက်ဖြစ်ပါတယ်။ လွန်ခဲ့သောတနှစ်လောက်က ကျားအင်္ဂါ ကြီးဆေးဆိုပြီး ထိုးလိုက်မိတယ်ဆရာ။ အဲဒါ အခု့
• ကျွန်တော်အသက် ၂၁ နှစ်ရှိပါပြီ။ ကျွန်တော် ၁၉ နှစ်လောက်က အသိပညာဆေးပညာ မကြွယ်ဝမှုကြောင့့် ကို ဆေးထိုးမိပါတယ်။ အခုထိတော့ ဘာမှမဖြစ်သေးပါဘူး။ ရှေ့လျောက် ဘာတွေများဖြစ်လာနိုင်မလဲ။့
• လိင်အဂါင်္ကို ဆေးတစ်မျိုးထိုးထားတာ silicon လား ဘာလဲတော့ မသိပါဘူးခင်ဗျား။ ၈ နှစ်လောက်ရှိပါပြီ။ အခု အဆင်မပြေတော့ဘူး။ တစ်လတစ်ခါဆေးတွေ နေရာရွေ့ပြီး ဆီခုံကတက်ပြီး ရောင်လာတတ်ပါတယ်။့
• ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်က့ ဆေးထိုးထားပါတယ်။ ဒါပေမယ့့်
• ကျွန်တော် ဆေးထိုးတာက တကြိမ်ထဲပါ။့ အရေပြားဖြတ်ပြီး ဆေးတွေခြစ်ထုတ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့့်
• ကျွန်တော့့် ကို ဆေးထိုးထားတဲ့အကြောင်း မေးခဲ့ဘူးပါတယ်။ အခုအဲ့ဒါကို ပြန်ပြီးခွဲပစ်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့
• ဆီလီကွန်တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင်ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။
• ကျွန်တော့်ရဲ့ ကို ၁-၁-၂ဝ၁၄ နေ့က ထိုင်းအုန်းဆီ ထိုးခဲ့မိပါတယ်။ ဖြစ်ချင်တော့ဗျာ့
• အမေရိကမှာ ဆီလီကွန်ထိုးခဲ့တဲ့ အသက် (၂၂) နှစ်အမျိုးသားဟာ ဆေးထိုးပြီး နောက်နေ့မှာ သေဆုံးသွားခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး