First cousins marriage မောင်နှမတဝမ်းကွဲ လက်ထပ်ခြင်း

မောင်နှမ တဝမ်းကွဲတွေ လက်ထပ်ပေါင်းသင်းလို့ ကျန်းမာရေးအရ စိုးရိမ်စရာတွေဟာ ပြောကြသလောက်မဆိုးပါလို့ ၄-၄-၂ဝ၁၂ နေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ ရေးထားတယ်။ မောင်နှမတဝမ်းကွဲလက်ထပ်လို့ မွေးလာကြမယ့် ကလေးတွေမှာ မျိုးဗီဇချို့ယွင်းမှုတွေရှိမယ်ဆိုတာ သိပ္ပံနည်းကျပြောရရင် အများထင်ကြသလောက်မဟုတ်ဘူးလို့ သိလာရပါတယ်။ ဒါကြောင့် မောင်နှမတဝမ်းကွဲ လက်မထပ်သင့်လို့ ဇီဝဗေဒ အကြောင်းပြချက် မခိုင်လုံးဘူလို့ ကောက်ချက်ချနိုင်ပါမယ်။

မောင်နှမတဝမ်းကွဲတွေမှာ ဆိုးဝါးတဲ့မွေးရာပါချို့ယွင်းချက်တွေ၊ ဉာဏ်ရည်နိမ့်ကျတာတွေ၊ မျိုးဗီဇရောဂါတွေ ရစေနိုင်တာ ကတော့ အမျိုးမတော်တဲ့စုံတွဲတွေထက်တော့ ဖြစ်နိုင်ချေပိုတာမှန်တယ်။ ထင်ထားတာထက်တော့ နည်းပါတယ်။

လူဦးရေတခုလုံးမှာ မွေးလာတဲ့ကလေးမှာ spina bifida ခါးရိုးဆစ်အပေါက်ပါတာတို့ cystic fibrosis ဆစ်စတစ် ဖိုက်ဘရိုးဆစ်ရောဂါတို့နဲ့ မွေးလာနိုင်ချေဟာ ၃% ကနေ ၄% ရှိပါတယ်။ မောင်နှမတဝမ်းကွဲကနေဆိုရင် ၁့၇% ကနေ ၂့၈% ပိုတာတွေ့ရတယ်။ ၂ ဆနီးပါးပိုတာဖြစ်ပေမယ့် ဒီလိုဖြစ်တာဟာ အဲလိုမယူကြနဲ့လို့ပြောဘို့အထိတော့ မလုံလောက်ဘူးလို့ ဝါရှင်တန်တက္ကသိုလ်က ပါမေက္ခ Dr. Arno Motulsky ကဆိုပါတယ်။ ပေါင်းလိုက်ရင် ၇% ဖြစ်နိုင်ချေ ဖြစ်ပေမယ့် ၉၃% က မဖြစ်နိုင်ချေပါ။

အမေရိကမှာ ပြည်နယ်ပေါင်း ၂၂ ခုမှာ တဝမ်းကွဲမောင်နှမ မယူရလို့ ဥပဒေထုတ်ထားပါတယ်။ ၇ ပြည်နယ်မှာ genetic သိပ္ပံနည်းကျပြောရရင် counseling မျိုးဗီဇစစ်ဆေးတာလုပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဥရောပမှာ အဲလိုလုပ်မထားပါ။ အာရှနဲ့ အာဖရိကမှာလည်း တားမြစ်မထားပါ။ ကမ္ဘာ့တချို့နေရာတွေမှာ ၂ဝ% ကနေ ၆ဝ% အထိ အမျိုးနီးစပ်လက်ထပ်ကြတာရှိတယ်။ အမေရိကမှာ ဝ့၁% ဝ့၅% သာရှိတယ်။ တဝမ်းကွဲအတူနေတွေ ဘယ်လောက် ရှိလည်းတော့ မသိနိုင်ပါ။

သုတေသနကို ၁၉၆၅ ကနေ ၂ဝဝဝ ခုနှစ်သြဂုတ်လအထိ ထောင်နဲ့ချည်တဲ့မွေးဖွါးလာမှုတွေကို လေ့လာခဲ့ကြတာ ဖြစ်တယ်။

မျိုးဗီဇချို့ယွင်းသူတွေ အိမ်ထောင်မပြုရလို့လည်း ဘယ်သူကမှတားပိုင်ခွင့်မရှိပါ။ Huntington's disease ခေါ်တဲ့ ဆိုးတဲ့ အာရုံကြောရောဂါရှိသူတွေဟာ သူတို့ကနေမွေးလာမယ့်ကလေး ၂ ယောက်မှာ ၁ ယောက် အဲလိုဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့ကို ကလေးမမွေးကြနဲ့လို့ မပြောအပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး