Forefathers လူကြီးသူမ

Ko Nyo (နော်ဝေနိုင်ငံက) အများသုံးရေအိမ်မှာ ကိုယ်အင်္ဂါမသန်စွမ်းသူတွေ၊ အသက်အရွယ်ကြီးသူတွေပါ သုံးနိုင်အောင် စီစဉ်ပေးထားတာပါ။ ကြိုးအနီတန်းလန်းနဲ့ စာသားလေးက ALARM အန္တရာယ်ကြိုတင်သတိပေးရန်လို့ ရေးထားတာပါ။့

ကိုညိုရေ့ ဒေလီက ကွယ်လွန်သူ အောက်စဖို့ဒ်ကျောင်းဆရာမကြီးက အန်တီအေးကို သတိပေးထားတာတခုရှိတယ်။ Bath room ဝင်ရင် အတွင်းဂျက်လည်းထိုးမထားနဲ့၊ ရေချိုးရင်တောင် အဝတ်လေးပတ်ချိုးတဲ့။ အခန်းထဲသေရင် ကိုယ်တုံးလုံးဖြစ်မနေအောင်တဲ့။ အတော်လက်တွေ့ကျတယ်။ ဆရာမကြီးသွန်သင်ခဲ့တာတွေ အများကြီးရှိတယ်။

မြန်မာပြည်မှာ အစစအစီအစဉ်တွေ တိုးတက်ကောင်းမွန်ပါစေ။ လူကြီးသူမစကားတွေ လိုက်နာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၅

Comments