By order of the dictatorship နုတ်ကျိုးနေသူများ

(အဘ) လို့ဆက်ခေါ်နေသူတွေဆီကို မက်ဆေ့ကနေ (အဘ) စာကို ပို့လိုက်ပါတယ်။ နောက်ထပ်တော့ လေးစားလို့ဖြစ်ဖြစ်၊ အရွယ်အိုမင်းလို့ခေါ်တာဖြစ်ဖြစ်၊ ခေါ်တဲ့သူတိုင်းကို (ဘလော့ခ်) လုပ်ပါတော့မယ်။ (အဒ်) လုပ်စရာတွေများလာလို့လည်း ပါတယ်။

• တကယ်အမျိုးမတော်ဘဲ အကို၊ ဦးလေး၊ အဘလို့ အခေါ်ခံရတာနဲ့ ကိုယ်ကိုယ်ကို သားလို့၊ သမီးလို့ရေးတာတွေက ကျွန်တော့်အတွက် အခက်အခဲရှိပါတယ်။
• မေးတာတွေဖြေတဲ့အခါ နားလည်းရခက်တယ်။ သမီးဆိုသူက သူ့အကြောင်းလား၊ သူ့သမီးအကြောင်းလား၊ သမီးရဲ့သမီး ဆိုတော့ မြေးလားမသိနိုင်ပါ။
• ကျမဆိုတာကို မသုံးတော့တာကို စိတ်မကောင်းပါ။
• ဆရာဝန်နဲ့လူနာကြားမှာ တွယ်ကပ်မှုကင်းရတယ်။ အမျိုးစပ်မှုရှင်းရတယ်။

• အဘဆိုတာ စစ်အစိုးရထဲက လူကြီးတွေကို ခေါ်ကြတယ်။ တပ်ရင်းမှူးကို အဘလို့ ခေါ်ကြသတဲ့။
• နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူ သူကိုယ်တိုင်က ထောင်ကလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။ အဲသည်ကတည်းက ကျွန်တော့မှာ အဘဆိုတာကို ခါးသီးလာတော့တာပဲ။
• ဆရာတလုံးတည်းသာ အမှန်ဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒေါက်တာဆိုတာလည်း နားယဉ်ပြီးသားမြန်မာစကား ဖြစ်လာနေပါပြီ။
• ကျွန်တော့်အသက်ကို အမှန်အတိုင်းရေးထာတာမို့ ငယ်ချင်လို့မဟုတ်မှန်းလဲ သိကြမှာပါ။

• အဘကြိုက်တဲ့သူတွေ အများကြီးရှိလို့ ကျွန်တော်က (ဘလော့ခ်) လိုက်လည်း အဘကိုသာ နုတ်ကျိုးနေသူများအတွက် ပူစရာမရှိပါ။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး