တယောက်ထဲဘဲ ရမယ်ရှင်

၂၉-၆-၁၉၅၉ နေ့ထုတ် သတင်းစာကာတွန်း။ အဲဒီကာလမှာ ဖဆပလ ပါတီကြီးဟာ နု-တင် ခေါ် ဦးနုနဲ့ သခင်တင်တို့ ခေါင်းဆောင်တဲ့ သန့်ရှင်ဖဆပလ နဲ့ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့ခေါင်းဆောင်တဲ့ တည်မြဲ ဖဆပလ လို့ နှစ်ခြမ်းကွဲပြီးပြီ။

ကာတွန်းဆရာတွေက သူတို့သန်ရာပါတီဘက်ကနေ ရေးကြတယ်။

နိုင်ငံရေးသမိုင်းနဲ့အတူ မြန်မာစာသတ်ပုံသမိုင်းပါ သိသင့်တယ်။

တယောက်တည်းလို့ နောက်မှ ရေးလာတာ။ မနောက်က ဘဲလိုက်ဆိုတာ မနေ့တနေ့ကမှ ထွင်တာ။ တစ်ယောက်တည်း ဆိုတာကလည်း ထွင်လုံးဘဲ။

မြန်မာစာသတ်ပုံတွေ လွဲကုန်တာ နိုင်ငံကို တယောက်တည်းကနေ အပိုင်စီးခဲ့စဉ်က စတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး