Lair လိမ်တဲ့သူတွေအတော်ပေါတယ် ယုံတဲ့သူတွေအတော်များတယ်

ဆရာ MDR TB ကုထုံးနဲ့ ဆေးကုသမှုခံယူနေတဲ့အချိန် လူတွေပြောနေကြတဲ့ လောက်သေရွက် ပြုတ်ရည်ကို သောက်ခြင်းက ရောဂါသက်သာရေးအတွက် ကောင်းကျိုးဖြစ်စေပါသလား ခင်ဗျာ

အဲဒီအရွက်ကပျောက်တယ်ဆိုပြီး ပြောနေကြတာ ရောဂါတွေစုံလှပြီ။ တရုပ်ဝူဟန်တောင် ပါလာဦးမလားမသိ။

လိမ်တဲ့သူတွေအတော်ပေါတယ်။ ယုံတဲ့သူတွေအတော်များတယ်။

ဗမာတွေက အထအနကောက်ကြသတဲ့။ ကံ့ကော်ကို ကံကော်လုပ်ကြတယ်။ အဲဒီအရွက်အမည်ကို အထအန ကောက်ကြည့်ပါလား။ ကန်တော့လို့ အရင်ပြော။

MDR TB Q and A ဆေးယဉ်တဲ့တီဘီ အမေး-အဖြေ https://doctortintswe.blogspot.com/2015/05/mdr-tb-q-and.html

ဒေါက်တာတင့်ဆွေ
၂၉-၁-၂၀၂၀

Comments