ဒို့တိုင်းဋ္ဌာနီ

တခါတလေ၌ တချို့သော ဗမာသင်္ကြန်သံချပ်များသည် ခေတ်၏ ကြေးမုံပြင် ဖြစ်ပေသည်။ ရဲဘော်တစု လှည်းတလှည်းသည် မိနှင့် ထွေးတို့ကျောင်းဝရှေ့တွင် ရပ်ကာ
မောင်အပေါ်ဝယ် ဓါးရှည်မပါလို့လားဟူ၍၎င်း၊
မောင်အပေါ်ဝယ် ကြယ်တွေမပါလို့လားဟု ပြည်လှဖေ၏ ဂုဏ်ရည်မတူသီချင်းကို ဖျက်ဆို၍ နောက်ပြောင်နေသည်။

ထိုအချိန် ဘီဒီအေ စစ်ဗိုလ်များ အလွန်ဈေးကောင်းသော အချိန်ဖြစ်သောကြောင့် သာမန်ရဲဘော်ကလေးများက မိန်းမပျိုများကို ထေ့သော သီချင်းဖြစ်ပေသည်။

သည်အထဲ ရဲဘော်တဦးသည် သူ၏ဦးပြည်းကတုံး ပြောင်ပြောင်ကို လက်နှင့် ပွတ်သပ်ကာ
မောင့်အပေါ်ဝယ် ဘိုကေမပါလို့လားဟု သံသေးသံကြောင်နှင် အော်ဟစ်လိုက်ရာ ဒေါ်နှင်း မိ နှင့် ထွေးတို့သည် ဟန်မဆောင်နိုင်ဘဲ ပြုံးမိလေသည်။

ခင်ဆွေဦးရေးတဲ့ ဒို့တိုင်းဋ္ဌာနီစာအုပ်ကို ၁၉၆၁ ဇွန်လမှာ စတင်ထုတ်ဝေပါတယ်။ ကျွန်တော်တို့က ၇-၈ တန်းရောက်ပြီ။ မြန်မာစာသတ်ပုံကို အဲလိုပဲ ရေးကြရတယ်။

အခုတော့ ဒို့တိုင်းဋ္ဌာနီမှာ တခါတလေလို့ရေးရင် မောင့်အပေါ်ဝယ် စသတ်မပါလို့လားလို့ ဆိုကြပါတော့သည်။ ဟန်ဆောင်ပြီး မပြုံးနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၂၀-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး