အဲတာက တယောက်

ဆရာအရင်က USDP ပါတီဝင်ဖြစ်ဖူးတာမျိုးလား

အဲတာက တယောက်။

ကြံခိုင်ရေးပါတီက ၂၀၁၀ ကျမှ တရားဝင်ဖွဲ့တာ။ အဲဒီအချိန် ကျွန်တော်က နယူးဒေလီမှာနေတယ်။

ပြည်တွင်းနေစဉ်က ၁၉၇၃ ကနေ ၁၉၈၈ အထိ၊ တိုက်နယ်ဆရာဝန်၊ လက်ထောက်ဆရာဝန်နဲ့ မြို့နယ်ဆရာဝန်လုပ်ခဲ့လို့ မဆလ ပါတီနဲ့ ထိစပ်ခဲ့ဘူးပါတယ်။

ကျွန်တော်နဲ့ နာမည်တူ၊ လူမတူ။ သူတို့က နာမည်မတူ၊ လူအတူတူ။

၁၉၈၇ မှာ တိုင်းပြည်ကို အယ်လ်ဒီစီဖြစ်အောင် လုပ်ခဲ့တာလည်း သူတို့။ ၁၉၈၈ မှာ လူထုအုံကြွမှုကြီးကို ရင်ဆိုင်ရတာလည်း သူတို့။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲတာလည်း သူတို့။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး