ထမနဲပါတီ

ရေး အလင်္ကာကျော်စွာ ရွှေပြည်အေး
ဆို သန်းသန်းမေ

(ရွာဦးကျောင်းက အုန်းမောင်းမြည်ရင် ကုန်းကြောင်းချီမယ် အစီအရီ တို့ဘုန်းဘုရားတို့ စားဘို့စီမံပေးကာ မီးမွေးနေမည်) ၂

လိုသလောက် အုဋ္ဌ်နဲ့တမျိုးစီ ဖိုခနောက်လုပ်မယ့် ငပိုးဘီ လယ်ရိုးနားက ဟိုကျောင်းဆီ ဒယ်အိုးငှားမှ ပိုကောင်းမည် ဟဲ့ ရွှေကြည် ရွှေရည်လာခဲ့ကြတော့ဒီညီးတို့ဝင်ရင် တွင်တွင်ခရီးရောက်လိမ့်မည် (ရေစိမ်ကာနှောက်ရင်တွေး ကောက်ညှင်းကလေး မြန်မြန်ဆေး ဆီနိုင်နိုင် ထည့်ပေးစမ်း ထည့်သေးအရမ်း ဒယ်နှုတ်ခမ်း) ၂

နှမ်းရယ် မြေပဲ ဖျန်းမယ်အေ ကဲ့ ဗန်းငယ်တွေထဲ ကိုယ်စီ ကြဲပါမည် ထမနဲပါတီ။

[သံပြိုင်] (ဟေ့ အရုဏ်နီနီ လာကုန်ပေစီ ပြာပုံတဝက်ကျိုးထိထိုးပါအမီ ထီ/စီ) ၂ (ကျောင်းသားကလေးတို့ ဆွမ်းရပ်လာရင် လောင်းထားပေးဘို့ လှမ်းကပ်စရာပင် နပ်ရင်တော်လောက်ပြီ) ၂

ငါတို့နွှဲ ပွဲမှာစည် တချို့လဲ ခဲလာမည် တပို့တွဲ ထမနဲပါတီ ထမနဲပါတီ။

မိတ်ဆွေတွေစုံညီ တရွာလုံး ကုန်းတပ်သို့ပို့မယ်အချိန်မှိ ခပ်ရွယ်ရွယ် လူငယ်များ အားရပါးတရစားမှာမြင်သည် ဘုစုတွေ ပုတုတွေ လုလုလို့တိုးမှာအလီလီ အဖိုးကြီးတွေ အဖွားကြီးတွေ သွားမရှိတော့ ဟားစရာတဟီဟီ သံဒယ်ပူအတွင်း ကျက်ကျက်ချင်း ငယ်ကာတည်ပါမည် အာခေါင်ပါးစောင်တွင် ကမန်းကတန်းသွင်းတော့ အပူလောင်မည့့်

https://www.facebook.com/100010950458838/videos/547869578921386/

အုဋ္ဌ်နဲ့တစ်မျိုးစီ မဟုတ်။
ပြာပုံတစ်ဝက်ကျိုးထိ မဟုတ်။
တစ်ချို့လဲ ခဲလာမည် မဟုတ်။
တစ်ရွာလုံး မဟုတ်။
ဟားစရာတစ်ဟီဟီ မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၀-၁-၂၀၁၉
၂၀-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး