ကြေးမုံ

ကြေးမုံ နဲ့ မှန် မတူပါ။ အရုပ်ထင်စေတာက ကြေးမုံ။ ဖေါက်ထွင်းမြင်နိုင်တာက မှန်။

ခေတ်တခုမှာ အမှန်ဖြစ်နေတာတွေကို ခေတ်၏ကြေးမုံလို့ တင်စားကြတယ်။

ကြေးမုံသတင်းစာမှာ တစ်အူထုံ့ဆင်းလို့ရေးထားတယ်။ ကျွန်တော်တို့က တအူတုံဆင်းလို့သာ သင်ခဲ့၊ ရေးခဲ့၊ ဖတ်ခဲ့ကြရတယ်။ ဦးသာမြတ်ပြုစုတဲ့ သတ်ပုံကျမ်းမှာ အူတုံ့ဆင်းသို့လို့ပါတယ်။

ကြေးမုံသည် မမှန်။ ကြေးမုံသည် မှား၏။

ကြေးမုံသတင်းစာကို တည်ထောင်တဲ့ သတင်းစာဆရာက အောင်ဗလ လေါ် ဦးသောင်း။ သူက ကွယ်လွန်တဲ့အထိ မြန်မာစာ သတ်ပုံအမှန်နဲ့သာ ရေးတယ်။ သူရေးတာတခုကတော့ တဝဂူမှ ဂီတ။

ခုခေတ် ကြေးမုံသတင်းစာကတော့ မြန်မာစာအမှားတွေကို ထင်ဟပ်တယ်။ သတ်ပုံမှားတွေကိုလည်း ဖေါက်ထွင်းမြင်နိုင်တယ်။

မြန်မာစာ တဝဂူထဲမှာ ပိတ်မိနေတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး