Graves' disease ဂရေ့ဖ်ရောဂါ သို့မဟုတ် လည်ပင်းကြီးဟော်မုန်းများရောဂါ

၁။ အသက် ၃၄ နှစ် အမျိုးသမီးပါ။ graves disease ဖြစ်နေပါတယ်ရှင်။ ဘာအစားအသောက်တွေ ရှောင်ရမလဲ သိလိုပါတယ်ရှင့်။

မေးခွန်းတွေမှာ ပါလေ့ရှိတယ်။ ရောဂါတခုခုဖြစ်ရင် ဘာအစားအစာတွေရှောင်ရမလဲ မေးကြတယ်။ ရောဂါတွေမှာ အစားအသောက်နဲ့ဆိုင်တာအတွက်သာ ရှောင်ရမှာ စားရမှာရှိတယ်။ ရောဂါတိုင်းက အစားအစာနဲ့မဆိုင်။ အခုရောဂါနဲ့ မဆိုင်။

၂။ လည်ပင်းက နဂိုထက် ယောင်ယောင်လေး ပိုကြီးနေလို့ပါဆရာ။ စိတ်ကလည်း အရင်ကထက် ပိုတိုတတ်လာပါတယ်။ အစားကတော့ ခဏတိုင်း စားတတ်ပါတယ်။ ပိန်တော့ မပိန်သွားပါဘူး။ ဝတောင်လာပါတယ်။ အဲဒါက လည်ပင်းကြီး ရောဂါဆိုရင် မည်သို့ ကုသ၍ ရနိုင်ပါမည်လဲဆရာ။ လောလောဆယ် ဆေးစစ်ရန် မလွယ်ကူသေး၍ အရေးကြီး မကြီးကို ကျေးဇူးပြု၍ သိပါရစေ။ အကယ်၍ ယခုဆေးမစစ်သေးလျှင်ကော ရနိုင်ပါမည်လား။

ရောင်လို့ ရေးရတယ်။

၃။ သမီး အသက် ၃၀ ထဲမှာပါ။ အပျိုပါ။ လွန်ခဲ့တဲ့ 2002-2003 လောက်တုံးက လည်ပင်းမှာ ဟိုမုန်း များလို့ ဖြစ်တဲ့ ရောဂါ ဖြစ်ဖူးတယ်။ ရောဂါနာမည်ကိုတော့ (သိုင်ရိုတော့(ခ်)စီကိုးစစ်) လို့ တပ်ထားပါတယ်။ အဲဒီတုံးက တေင်ကြီးမှာ သမားတော်ပြပြီး ကုသမှု ခံယူခဲ့ပါတယ်။ ဆေး ၁ နှစ်ခွဲလောက် သောက်လိုက်ရပါတယ်။ နာတာရှည် ရောဂါသည် တစ်ယောက်လိုပဲ နေနေရပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီရောဂါနဲ့ ပတ်သတ်လို့ ဘာမှ ထပ် မဖြစ်တော့ပါဘူး။ ဒါပေမဲ့ နဲနဲဆို လန့်တတ်တယ်။ ဆိတ်ငြိမ်နေရာကနေ အသံလေး ဘာလေး ကြားလိုက်ရရင် လန့်လန့် သွားတယ်။ အဲဒီ ရောဂါရဲ့ Side Effect အဖြစ်နဲ့ မျက်လုံးပြူးပြီး ကျန်ခဲ့ပါတယ်။ အရမ်းကြီး ပြူးထွက်တာမျိုးမဟုတ်ဘဲ ဒေါသထွက်တဲ့ အခါတို့ အာရုံစိုက်တဲ့ အခါတို့မှာ မျက်စိ ပိုပြူးတတ်ပါတယ်။ ၂၀၀၈ လောက်က အူအတက် ခွဲဖူးပါတယ်။ အရင်တုံးက ဒေါသကြီးလာတဲ့ အခါတို့၊ အရမ်း ဝမ်းနဲတဲ့ အခါတို့မှာ ရင်ဘတ်တွေ အောင့်ပြီး အသက်ရှုကြပ်ပါတယ်။ မျက်နှာနဲ့ လက်တွေ၊ ခြေထောက်တွေ ကျင်လာပါတယ်။ သတိလဲ လစ်သွားတတ်ပါတယ်။ အဲလိုအချိန်ဆို ဆေးရုံကို ပို့ပြီး အောက်ဆီဂျင်ပေးကြပါတယ်။ ဒိုင်ယာစီပန်ကိုလဲ အကြောထဲ ထိုးပေးပါတယ်။ အဲလို ဖြစ်တာတွေက လည်ပင်းရောဂါ မဖြစ်ခင် ၂၀၀၀ နဲ့ ၂၀၀၂ ကြားလောက်မှာ ထင်ပါတယ်။ အဲဒီ ရောဂါတွေ ဖြစ်ဖူးတဲ့ အတွက် သမီး အိမ်ထောင်ပြုတဲ့ အခါ ကလေး ရနိုင်ပါ့မလား ဆရာ။ နောက်ပြီး ကလေး ရခဲ့ရင်တောင်မှာ အဲဒီရောဂါတွေရဲ့ ဆိုးကျိုးတွေက ကလေးကို ထိခိုက်နိုင်ပါသလား ဆရာ။ သမီးကိုယ် သမီးလဲ ကလေး မမွေးနိုင်လောက်ဘူးလို့ ထင်နေပါတယ်။ စိတ်ထဲမှာ ကိုယ့်ကိုကိုယ် ချို့ယွင်းချက် ရှိတယ်လို့ ထင်နေပါတယ် ဆရာ။

၎။ Thyrotoxicosis ရောဂါ ဖြစ်တုံးကတော့ Propranolol သောက်ရပါတယ်။ တခြား ဆေးတွေတော့ မမှတ်မိတော့ပါဘူး။ အဲဒီတုံးက လည်ပင်းကို လိုအပ်ရင် ခွဲမယ်လို့ ပြောပါတယ်။ ဆေး အရင် သောက်ကြည့်ပါဆိုပြီး ကြည့်ခိုင်းပါတယ်။ ၁ နှစ်ခွဲလောက် သောက်ပြီးတော့ နားလိုက်တာ။ အခု ပြန်စစ်ချင်ပါတယ်။ ဘယ်လိုပြောစစ်ရမလဲ ဆရာ။

၅။ လည်ပင်းကြီးနေတိုင်း လည်ပင်းကြီးရောဂါဖြစ်နေတာ ဟုတ်ပါသလား။ လည်ပင်းကြီးရောဂါမှန်း မည်သို့ သိနိုင်ပါမည်လဲ။

လည်ပင်းကြီးနေရင် Goitre လည်ပင်းကြီးရောဂါ ခေါ်တယ်။ လူတိုင်းမှာရှိတဲ့လည်ပင်းကြီးအကျိတ် ကြီးနေတာ။ လည်ပင်းကြီးနေတာကို မမြင်ရဘဲနဲ့လည်း လည်ပင်းကြီးနဲ့ဆိုင်တဲ့ရောဂါတွေ ရှိနိုင်သေးတယ်။ လည်ပင်းကြီးအကျိတ် ကနေ သိုင်းရွိုက်ဟော်မုန်းထုတ်ပေးနေတယ်။ ဟော်မုန်းတွေ လိုတာထက် များနေရင်ဖြစ်တဲ့ Toxic Goitre (တောက်ဆစ် ဂွိုက်တာ)၊ Hyperthyroidism ဟော်မုန်းများရောဂါနဲ့ နည်းနေရင် Hypothyroidism ဟော်မုန်းနည်းရောဂါဖြစ်မယ်။

လည်ပင်းကြီးဟော်မုန်းများ ရောဂါလက္ခဏာတွေ
စိတ်တို၊ စိုးရိမ်စိတ်ကဲ၊ လက်တုန်၊ အပူဒဏ်မခံနိုင်၊ ကိုယ်အလေးချိန်ကျ၊ လည်ပင်းကြီး။ အမျိုးသမီး ရာသီမူမမှန်။ ယောက်ျား လိင်အားကျ။ ဝမ်းပျက်။ အားနည်း။ ခြေထောက်အရေပြား ထူနီ။ နှလုံးခုန်မြန်၊ မမှန်။ ၃၀% လောက်မှာ မျက်လုံပြူး။

Propylthiouracil (PTU) ဆေးကို အများဆုံးပေးတယ်။ လူကြီးဆိုရင် တနေ့ကို 300 mg/day ၃ ခါခွဲ သောက်ခိုင်းတယ်။ လိုရင် 400 mg/day, 600 to 900 mg/day တိုးပေးမယ်။ သက်သာလာရင် 100-150 mg/day အထိလျှော့ ပေးတယ်။ ၁ဝ နှစ်အထက်ကလေး 150 to 300 mg/day ၃ ခါခွဲ သောက်ခိုင်းတယ်။ ၆-၁ဝ နှစ်ကလေး 50 to 150 mg/day ၃ ခါခွဲ သောက်ခိုင်းတယ်။ ဒါမှမဟုတ် 5 to 7 mg/kg/day ၃ ခါခွဲ သောက်ခိုင်းတယ်။ Methimazole (Tapazole) 5 to 20 mg TDS ဆေးကိုလည်းပေးနိုင်တယ်။ Carbimazole (NeoMercazole) 10 mg to 60 mg ဆေးကိုလည်း တနေ့တခါ ပေးနိုင်တယ်။ (Carbamazepine ဆိုတဲ့ ဆေးနဲ့ မမှားတဲ့။ ဒီဆေးက အတက်ရောဂါအတွက် ပေးတာပါ။)

နှလုံးခုန်မြန်တာအတွBeta-blockers ဆေးပေးမယ်။ နာမည်အမျိုးမျိုးရှိတယ်။ Antolol, Propranolol, Inderal, Metoprolol, Nadolol, Betaxolol, Acebutolol, Pindolol and Bisoprolol စသည်။ ၂ဝ မီလီဂရမ် ကနေ ၄ဝ မီလီဂရမ် အထိ၊ တနေ့မှာ ၁-၂ ကြိမ် ပေးနိုင်တယ်။ စိတ်ငြိမ်ဘို့လိုတဲ့အခါ Valium/Diazepam ၅ မီလီဂရမ် ပေးတယ်။ အိပ်ချင်စေတယ်။

မရရင် အနုမြူဆေး ပေးပြီး ကုမယ်။ ခွဲစိတ်တာကတော့ တချို့ လူနာအတွက်သာ လိုတယ်။ ပျောက်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။  မပြောမဖြစ်တာပါ ပြောပါရစေ။ ခွဲစိတ်ပြီး ပြောင်းပြန် (ဟော်မုန်းနည်းလွန်းသွားတာ) ဖြစ်သွားတတ်တယ်။

1. Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ http://dts-medicaleducation.blogspot.in/2010/07/carbimazole.html
2. Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2012/05/thyroid-function-tests.html
3. Thyroid လည်ပင်းကြီးရောဂါ http://dts-medicaleducation.blogspot.in/2012/03/thyroid.html
4. Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း https://doctortintswe.blogspot.com/2015/01/toxic-goiter-q-and.html
5. Hyperthyroidism လည်ပင်းကြီးရောဂါ https://doctortintswe.blogspot.com/2015/03/hyperthyroidism.html
6. Nuclear Medicine အနုမြူဆေးပညာ http://doctortintswe.blogspot.com/2014/12/nuclear-medicine.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး