ငြိမ်းချမ်းပါစေ

ခင်ခင်အေးအား လူအများက မင်းကတော်ဟု ခေါ်ကြသည်။ အချို့ကမူ ခင်ခင်အေး၏ ငယ်ရွယ်နုနယ်သေးသော အသက်နှင့် အသွင်အပြင်ကိုကြည့်ကာ မင်းကတော်လေးဟု လေး တလုံး တိုး၍ခေါ်ကြပြန်သည်။ ခင်ခင်အေးသည် သူ့ယောက်ျားနှင့် လက်ထပ်သည်မှာ တနှစ်မျှသာ ရှိသေးသဖြင့် ဤသို့ အခေါ်ခံရသည်ကို အစ၌ မျက်နှာ ပူသလိုလို ရှိသည်။ ပြီးနောက် သည်အခေါ်အဝေါ်မျိုးသည် ဗြူရိုကရက်အုပ်ချုပ်ရေးခေတ်က အငွေ့အသက်များ မပျောက်သေးသည်ကို တွေးမသိသဖြင့် သိပ်လည်း အခေါ်မခံချင်ပေ။

ခင်ခင်အေး၏ ချစ်လင်ကတော့ သူ့အား ခင်အေး ဟု ဖေဖေတို့ မေမေတို့ ခေါ်သည့်အတိုင်းလိုက်ခေါ်သည်။ ရင်းနှီးသော မိတ်ဆွေသင်္ဂဟ ဆွေမျိုးများကမူ အေး ဟု တလုံးထည်း ခေါ်တတ်ကြသည်။

ခင်ဆွေဦးရးတဲ့ ငြိမ်းချမ်းပါစေ (လက်ရွေးစင် ဝတ္ထုတိုများ) စာအုပ်ကို ၁၉၆၃ ဒီဇင်္ဘာလမှာ ရိုပ်နှိပ်ပါတယ်။ တလုံး၊ တနှစ်မျှ၊ တလုံးထည်းလို့သာ ရေးကြတယ်။

အခုထိ စစ်အုပ်ချုပ်ရေးခေတ်က အငွေ့အသက်များ မပျောက်သေးပါတကား။ မြန်မာစာ ငြိမ်းချမ်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၀-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး