မှားစေလိုတဲ့စေတနာ အတော်ကြီးမားတယ်

ဆရာမှားရင် အယူအဆမတူရင်ခွင့်လွှတ်ပေးပါ၊ နိုင်ငံခြားရောက်မြန်မာတွေ၊ သင်္ဘောသားတွေကြတော့ အွန်လိုင်းဒေါင်းလုဒ်လုပ်ပြီး စာဖတ်ရကြတယ် ဆရာ (အမှားပါရင်ခွင့်လွှတ်ပေးပါခင်ဗျာ)

မြန်မာ့စွယ်စုံကျမ်းကို သာသနာရေးဝန်ကြီးဌာန စာကြည့်တိုက်က မူရင်းအတိုင်း တင်ထားတယ်။ တခြားစာအုပ်တွေလည်း မှန်တယ်။

မူရင်းစာတွေ စာအုပ်တွေကို သတ်ပုံပြင်တင်တဲ့အလုပ်အတွက် လူတွေ ငွေတွေ အချိန်တွေ အတော်ကုန်တယ်။ တမင်တကာကို မှားစေလိုတဲ့စေတနာကလည်း အတော်ကြီးမားတယ်။


ဆရာတင်မိုး ကဗျာပေါင်းချုပ်စာအုပ်ထူကြီးမှာ တ စသတ်တွေမပါရင် လက်တလုံးစာ ပါးသွားမယ်။ လက်တလုံးစာ ပိုထူဘို့အရေး ငွေတွေ အချိန်တွေ အတော်အကုန်ခံပြီး ရင်းနှီးထားတယ်။ မှားစေလိုတဲ့စေတနာ အတော်ကြီးမားတယ်။

ဒေါင်းလုဒ်စာအုပ်တွေကို မမှား မှားအောင်လည်း ငွေတွေ အချိန်တွေ အတော်အကုန်ခံပြီး ရင်းနှီးထားတယ်။ မှားစေလိုတဲ့ စေတနာ အတော်ကြီးမားတယ်။

Online Download အွန်လိုင်းဒေါင်လုဒ် အဲလို မလုပ်ကောင်းပါ

အွန်လိုင်းဒေါင်းလုဒ် စာအုပ်တွေ အစကတော့ ဟုတ်သလားလို့။ နေ့တိုင်းလိုလိုကြည့်ခဲ့တယ်။ ၉၀% လောက်ဟာ သတ်ပုံတွေကို ပြင်တင်ထားကြတာကို ကျွန်တော့်မှာ မူရင်းစာအုပ်တွေရှိလို့သိတယ်။

မြန်မာ့စွယ်စုံကျမ်းတွေကိုလည်း တင်ထားတယ်။ အစကတော့ အားကိုးခဲ့သေးတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ သတ်ပုံတွေ ပြင်ထားတယ်။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ကိုယ်ရေးပေါ့။ အဲလို မလုပ်ကောင်းပါ။ သူများဆီမှာ အဲလို မလုပ်ကြပါ။

အွန်လိုင်း ဒေါင်လုဒ်၊ အလိုမရှိ။ အလိုမရှိ။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး