Political Ideology နိုင်ငံရေး အိုင်ဒီယော်လော်ဂျီ

ဆိုရှယ်လစ်လမ်းစဉ် စသဖြင့် လမ်းစဉ်အမျိုးအမည်တွေနဲ့ သူတို့ရဲ့ မူသဘောထားတွေကို ပြောပြပေးပါလား ဆရာခဗျာ။

နိုင်ငံရေးအိုင်ဒီယော်လော်ဂျီတွေ အမျိုးမျိုးရှိတယ်။ မတူကြပါ။ အမျိုးမျိုးရှိတာထက် အမျိုးမျိုးရေးကြ၊ ပြောဟောကြ၊ လုပ်ဆောင်ကြတာတွေက ပိုများတယ်။ မတူကြပါ။ ကျွန်တော်ကလည်း တမျိုး။ ဆောရီး။ ငယ်ငယ်ကတည်းက ဖတ်တယ်။ ကြီးလာတော့လည်း ဖတ်တယ်။ အိုလာတော့လည်း ဖတ်တယ်။

နိုင်ငံရေးအိုင်ဒီယော်လော်ဂျီတွေကို စတင်သူတွေက အတွေးအခေါ်ပညာရှင်တွေဖြစ်တယ်။ အဲတာတွေကို ဆိုင်းဘုတ်တင်ပြီး လုပ်ကြသူတွေက အမျိုးမျိုး။ ကွန်မြူနစ်အယူအဆကို စတင်သူတွေနဲ့ အကောင်အထည်ဖေါ်သူတွေ တူတယ်လို့ပြောမရ။ လီနင်နဲ့ မော်စီတုန်း မတူပါ။ နောက်လူတွေကလည်း ပိုမတူကြပါ။

သခင်သန်းထွန်းနဲ့ သခင်စိုး အယူအဆရော လုပ်ဆောင်တာပါ ကွဲကြတယ်။ မဆလပါတီဥက္ကဌဦးနေဝင်းက ဦးချစ်လှိုင် ရေးတဲ့ အညမညစာအုပ်ကို ဖတ်ဖူးရဲ့လား မပြောတတ်။

ကနေ့ ကွန်မြူနစ်နိုင်ငံတွေဖြစ်ကြတဲ့ တရုပ်၊ ကျူးဘား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်နဲ့ လားအိုးစ်တို့ မတူကြပါ။ အိန္ဒိယမှာ ဆိုရှယ်လစ်ပါတီတွေက မတူကြပါ။ ဥရောပမှာ ဆိုရှယ်ဒီမိုကရက်ပါတီတွေ စကင်ဒီနေဗီးယား၊ ဂျာမဏီ၊ ပြင်သစ်၊ အရှေ့ဥရောပ စတာတွေမှာ တူကြတာတော့ မဟုတ်။ ပဌမဆုံးကွန်မြူနစ် တိုင်းပြည်ကြီးကနေ သေးသွားတဲ့ ရုရှားက ကွန်မြူနစ်နိုင်ငံ မဟုတ်တော့ပါ။

မဆလ ပါတီက ၂၆ နှစ်ကြာအုပ်စိုးပြီး တိုင်းပြည်က အယ်လ်ဒီစီနိုင်ငံဖြစ်၊ လူထုအုံကြွမှုကြီးလည်းဖြစ်တော့ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၂၃၅ ခုမှာ ဆိုရှယ်လစ်အမည် တခုမှမပါ။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ မှာ နောက်ဖွဲ့တဲ့ ပါတီတွေမှာလည်း မထည့်ကြပါ။ မပါတာ မထည့်တာက ဆိုရှယ်လစ်အယူအဆ မရှိကြလို့တော့ မဟုတ်လောက်။

ကျွန်တော် တိုတိုတိတိလေးတွေ ရေးထားတယ်။ ကျမ်းစာ မဟုတ်။ မှတ်စုသာဖြစ်တယ်။

Left Vs Right လက်ဝဲ နဲ့ လက်ယာ https://doctortintswe.blogspot.com/2019/01/left-vs-right.html
Karl Marx ကားလ်မတ်စ် https://doctortintswe.blogspot.com/2016/12/karl-marx.html
Capitalism and Liberalism ကက်ပီတယ်လစ်ဇင် နှင့် လစ်ဘရယ်လစ်ဇင် https://doctortintswe.blogspot.com/2019/06/capitalism-and-liberalism.html
Isolated Island တကျွန်းပို့သင့်တယ် https://doctortintswe.blogspot.com/2018/12/isolated-island.html
Rock Solid Conservative ကျောက်တုံးနိုင်ငံရေး https://doctortintswe.blogspot.com/2017/04/rock-solid-conservative.html
အညမည https://doctortintswe.blogspot.com/2016/08/blog-post.html
Josef Stalin and U Ne Win စတာလင်နှင့် ဦးနေဝင်း https://doctortintswe.blogspot.com/2019/09/josef-stalin-and-u-ne-win.html
တတပ်တအား https://doctortintswe.blogspot.com/2018/07/blog-post_721.html

ကွန်မြူနစ်အယူအဆ လွှမ်းမိုးခဲ့တဲ့တိုင်းပြည်တွေမှာ အိုင်ဒီယိုလော်ဂျီကို ယုံကြည်သူ နောက်မျိုးဆက်တွေ ဆက်ရှိတယ်။ အရေအတွက် နည်းတယ်။ အညမညကို မသိပေမဲ့ ၂၆ နှစ်ကအဖြစ်အပျက်တွေကို မသိလို့မဖြစ်ပါ။ အမေရိကန်တွေက ကွန်မြူနစ်စနစ်ကို ရန်သူသတ်မှတ်ထားတယ်။ လေ့လာမှုရှိသူက အလွန့်အလွန်ရှားတယ်။

နိုင်ငံရေးထဲ ဝင်လုပ်သူတွေသာမက နိုင်ငံသားတိုင်းဟာ အိုင်ဒီယော်လော်ဂျီအမျိုးမျိုးကို အခြေခံသဘောတော့ သိသင့်ကြတယ်။

နိုင်ငံရေးကျမ်းစာအုပ်ထဲပါတာနဲ့ လက်တွေ့ဖြစ်ခဲ့တာတွေက ခြားနားတယ်။ ဆိုရှယ်လစ်လောကနိဗ္ဗာန် ဖတ်လို့ ကြားလို့ အလွန်ကို နှစ်ခြိုက်စရာဖြစ်ပေမဲ့ တိုင်းပြည်မွဲခဲ့တယ်။ ဘုံစနစ် စိတ်ကူးယဉ်သာဖြစ်တယ်။ တရုပ်ပြည်မှာ လူတွေ သန်းနဲ့အမျှ သေခဲ့ရတယ်။ ကမ္ဘောဒီးယားမှာ လူ့အရိုးခေါင်းတွေက ပြတိုက်ဖြစ်လာတယ်။

အရင်းရှင်စနစ်က အသာစီးရတာမှန်ပေမဲ့ အလုပ်လုပ်သူ အများစုက စက်ရုပ်။ ဘာသာရေးအခြေခံ အကြမ်းဖက်မှုတွေက ကနေ့ကမ္ဘာ့ ပြယုဂ်။

လူတွေဟာ လူသားတွေ ဖြစ်တယ်။ ကြာလေလေ လောဘ ဒေါသ အကတိတရားတွေ ကြီးလေလေ။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး