MSG in Chinese food isn't unhealthy -- you're just racist

ကနေ့ CNN မှာတက်လာတဲ့ သတင်းဖြစ်ပါတယ်။ MSG ခေါ် တရုပ်အစာဟာ ကျန်းမာရေးအတွက်မကောင်းဘူးလို့ ပြောချင်ပါသလား။ အဲတာဆို လူကြီးမင်းဟာ လူမျိုးခွဲခြားသူဖြစ်တယ်။ ရေးတဲ့သူက Jessie Yeung ဂျက်စီယန်။

ဟင်းချိုမှုန့်အကြောင်း အကောင်းအဆိုး ရေးတာတွေ အများကြီးရှိတယ်။ ကျွန်တော်လည်းပါတယ်။

Ajinomoto ဟင်းချိုမှုန့် http://doctortintswe.blogspot.com/2015/03/ajinomoto.html
Chicken flavored broth and health risks ကြက်သားမှုန့် နဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2015/03/chicken-flavored-broth-and-health-risks.html
Dashi and Sweetening Agents ဟင်းခပ်မှုန့်များ http://doctortintswe.blogspot.com/2015/07/sweetening-agents.html
MSG Criticisms Should Be Taken With A Grain Of Salt ဟင်းချိုမှုန့် သတင်း http://doctortintswe.blogspot.com/2016/09/msg-criticisms-should-be-taken-with.html

တရုပ်လူဦးရေ ၂၀၁၇ ကိန်းဂဏန်းအရ ၁့၃၈၆ ဘီလီယန်ရှိတယ် အခုဆိုပိုများမယ်။ လူမျိုးခွဲခြားတယ်ဆိုတာ လူနည်းစုကို လူများစုက နှိမ်တာ။

ဟင်းချိုမှုန့်ထဲမှာ MSG ပါတယ်။ ဓါတုဗေဒလို Monosodium Glutamate ဖြစ်တယ်။ Sodium ဆိုဒီယမ်နဲ့ Glutamic acid ဂလူတားမစ်အက်စစ် ရောထားတာ။ သက်ရှိတွေစားသုံးတာက Sodium Chloride ဆိုဒီယမ်ကလိုရိုက်ဓါတ်ဆား။ နေ့တိုင်း ပါရတယ်။  Starch ခေါ် ကစီဓါတ်ကို ferment ခေါ် အချဉ်ဖေါက် (ကစော်ဖေါက်) ရင် glutamic acid ဖြစ်လာတယ်။

Sodium ဆားစားတိုင်း ခန္ဓာကိုယ်မျှခြေ ပြောင်းတယ်။ ကိုယ်ထဲက ရေဓါတ်ကို ကျောက်ကပ်ကနေစွန့်ထုတ်စွမ်းကို နှေးစေ ပျက်စေတယ်။ ရလဒ်ကတော့ သွေးဖိအား ခေါ် သွေးတိုးဂဏန်းတက်တယ်။ ရေများနေလို့ ကျောက်ကပ်သွား သွေးကြောလေးတွေအပေါ် ဖိအားအပိုသက်ရောက်လာလို့ ဖြစ်တယ်

ဆိုဒီယမ်ကလိုရိုက် ဆားကနေ Edema ခေါ် ရောင်တာပါဖြစ်စေတယ်။ ဆားနဲ့အတူ အချိုးညီတဲ့ရေ အမြဲလိုအပ်တယ်။ ဆားများရင် ရေများတယ်။ တစ်ရှူးစပေ့စ် ခေါ် ဆဲလ်လေးတွေကြားနေရာတွေမှာ ရေအပိုအောင်းနေလို့ ရောင်တယ်။

Salt ကလေးတွေနဲ့ဆား လူကြီးတွေနဲ့ဆား https://doctortintswe.blogspot.com/2017/12/salt.html
Salt and Sugar ဆား နဲ့ သကြား https://doctortintswe.blogspot.com/20…/…/salt-and-sugar.html
Salt ဆားများလွန်းလို့ နှလုံးရောဂါနဲ့ သေဆုံးနေရသူပေါင်း တနှစ်မှာ ၁့၆၅ သန်းရှိ https://doctortintswe.blogspot.com/2017/08/salt.html
The Salt Myth ချိုချင်ပါလျက် ဆားတပွင့်ကဖျက် https://doctortintswe.blogspot.com/2016/…/the-salt-myth.html
Minerals ဓါတ်ဆားများ https://doctortintswe.blogspot.com/2016/02/minerals.html
Salt အရေးပါတဲ့ဆား https://doctortintswe.blogspot.com/2016/10/salt_68.html
NaCl ဆားကူစားပါ https://doctortintswe.blogspot.com/2017/07/nacl.html

ဟင်းချိုမှုန့်စားတဲ့အကျင့်က နှစ်တွေအတော်ကိုကြာပြီ။ လူဦးရေ ဘီလီယန်မနည်းပါ။ လုပ်ငန်းကလည်း ကြီးတယ်။

Wine ဝိုင်လုပ်ငန်းကြီးဟာ အမေရိကန်ပြည်ထောင်စု တခုတည်းမှာ ၂၀၁၇ ကိန်းဂဏန်းတွေအရ ၆၁့၈၉ ဘီလီယန် ဒေါ်လာ ရှိတယ်။ အဲတော့ Red Wine ဟာ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ရေးကြတယ်။ မြန်မာပြည်မှာ တရုပ်ခေါင်းဆောင်လာတော့ တရုပ်ဘုန်းတော်ဘွဲ့ရေးကြတာ တွေ့ရတယ်။

စာဖတ်သူတွေ သဘောအတိုင်း လိုက်နာနိုင်ကြပါတယ်။ ဝိုင်မရောင်းပါ။ ဟင်းချိုမှုန့်ဆိုင်မရှိပါ။ ဘုန်းတော်ဘွဲ့ မရေးပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး