NaCl ဆားကူစားပါ

ဆားကူစားပါဆိုတာကို အခုထိနားမလည်ဘူးဆရာ။

ရာသီဥတု ပူလွန်းရင် ရေပိုလိုတယ်။ ရေဆိုတာ အချိုးအစားမျှတတဲ့ ဆိုဒီယမ်ကလိုက်ရိုက်ခေါ် ဆားပါမှသာ ဆဲလ်ခေါ် ကလပ်စည်းလေးတွေထဲ ဝင်နိုင်တယ်။ ဥပမာ ဝမ်းလျှောသူတွေ ဓါတ်ဆားရေသောက်ရတယ်။ ရေတခုတည်းတော့ အသုံးမကျပါ။ ကိုယ်ထဲကအရည်မှန်သမျှမှာ ဆား ဝ့၉% အတိအကျရှိရတယ်။ သွေးမှာလည်း အတူရှိတယ်။

လူ့ကိုယ်ခန္ဓာထဲမှာ ဆိုဒီယမ်ကလိုရိုက်ဆားပါတယ်။ ကိုယ်အလေးချိန်ရဲ့ ဝ့၎% ရှိတယ်။ ပင်လယ်ရောလောက်နီးပါး ငန်တယ်။ ကီလို ၅ဝ လေးသူကိုယ်ထဲမှာ ဆား ၂ဝဝ ဂရမ်ရှိတယ်။ လက်ဖက်ရည်ဇွန်း ၄ဝ နဲ့ညီမျှတယ်။ ဆားအဟာင်းတွေ နေရာမှာ ဆားအသစ်တွေနဲ့ အဆက်မပြတ် အစားထိုးနေတယ်။

ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၄၅ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး