How to Stay Safe from Wuhan Virus ဝူဟန်ဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်မလဲ




အခုဖြစ်နေတဲ့ပိုးကို nCoV2019 ဗိုင်းရပ်လို့ ခေါ်တယ်။ ကူးစက်ခံရရင် Wuhan pneumonia နူမိုးနီးယားခေါ် အဆုတ်ရောင်တာ ဖြစ်မယ်။ ကာကွယ်ဆေးမရှိ။ ကုသနည်းမရှိ။ ဆောရီး။ ကာကွယ်ရမယ်။

၁။ လူစုလူဝေးက ရှောင်နိုင်လေ ကောင်းလေ။ ဖြစ်နိုင်ရင် လူတယောက်နဲ့တယောက် တပေခွဲအကွာနေသင့်တယ်။

၂။ အိမ်ကထွက်တာနဲ့ လက်အိတ်စွပ်ပါ။ ဆောင်းထည်ဝတ်ပါ။ လမ်းမှာလည်း ဝတ်ထားပါ။

၃။ လူအများစုဝေးရာနေရာမှာ လက်အိတ်ချွတ်ထားနိုင်တယ်။ ယားလို့ဆိုပြီး မျက်နှာ၊ မျက်စိနေရာကို လက်နဲ့မကုပ်ပါနဲ့။ လက်နဲ့မျက်နှာ ဝေးဝေးထားပါ။ အိမ်မပြန်မီ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး ဆေးပါ။ အလာတုန်းကဝတ်ဆင်တာတွေ ပြန်ဝတ်ပါ။

၎။ လက်အိတ်ကို နေ့စဉ်လဲပါ။ လျှော်လို့ရတာ လျှော်ပါ။ စိုထိုင်းနေတာကို ပြန်မသုံးပါနဲ့။

၅။ နှာချေ ချောင်းဆိုးသူရန်ကနေ နှာခေါင်းစည်းကနေ ကာကွယ်ပေးမယ်။ နှာခေါင်းစည်း စနစ်ကျသုံးပါ။

၆။ မျက်နှာသုတ်ပဝါ၊ ကိုယ်သုတ်ပုဝါတွေ ခြောက်သွေ့နေပါစေ။ တယောက်တထည် တစုံသုံးပါ။ တပတ်မှာ ၂ ခါလျှော်ပါ။

၇။ တံခါးလက်ကိုင်ဘုတွေ သတိထားပါ။ လိုက်ဇောဆေးရည်နဲ့ မကြာခဏဆေးပါ။ စားပွဲ၊ ထိုင်ခုံ၊ ကွန်ပြူတာ၊ ဖုန်း စတဲ့ မျက်နှာပြင်တွေကို ပိုးသေဆေးပါဆေးရည်နဲ့ ဆေးပါ။ ဆေးနေစဉ် လက်ကို မျက်နှာနဲ့ မထိစေရ။

၈။ အသား၊ ငါး စတဲ့ အစားအသောက်တွေမှာ ပိုးမပါလောက်လို့ ယူဆတာကိုသာ ဝယ်ယူသုံးစွဲပါ။

၉။ ရာသီဥတုအခြေအနေအရ အိမ်ပြူတင်းပေါက်တွေ တံခါးတွေ ခဏဖွင့်ပြီး လေသန့်ဝင်စေပါ။

၁၀။ မိသားစုဝင်တွေ၊ အနီးကပ်မိတ်ဆွေထဲမှာ ကိုယ်ပူသူရှိရင် နှာခေါင်းစည်း ပိုပြီးစံနစ်တကျသုံးကြပါ။

စနစ်မကျတဲ့ ကာကွယ်နည်းတွေ၊ ကုသနည်းတွေ၊ ခြိမ်းခြောက်စကားတွေ၊ သတင်းတွေ၊ လင့်တွေကို လက်မခံပါနဲ့။

Surgical Face Mask ဆေးရုံသုံး နှာခေါင်းစည်း https://doctortintswe.blogspot.com/2020/01/surgical-face-mask.html

Face Mask နှာခေါင်းစည်း https://doctortintswe.blogspot.com/2017/07/face-mask.html

ဒေါက်တာတင့်ဆွေ
၂၇-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ