အမောင်ပြောက်ကျား ချစ်သူအားကို ဘာများမှာခဲ့လိုသနည်း

ပို့စ်တခု အခုပဲတွေ့တယ်။ စောစောကတည်းက ဖရင်းတယောက်ကလည်း ပို့ပေးထားသေးတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးလို့ ထိပ်မှာပါတယ်။ ပျောက်ကျားသတ်ပုံ မှားနေတယ်။ ပြောက်ကျားလို့ ရေးရတယ်။ အစစ် ဟုတ် မဟုတ် မသိပါ။ မဟုတ်ရင် ဆောရီး။

ပျောက်ကျားလို့ ရေးရင် ပျောက်သွားသောကျား။ စစ်တပ်ကမှားရေးတာကိုသာ ပြောလိုတာ မဟုတ်ပါ။ အရပ်သားက ပိုများတော့ မှားရေးတာတွေ ပိုများများတွေ့ရတယ်။

စာရေးတာ ဘယ်သူမှားမှား ကျွန်တော်က အားမနာ။ ကျွန်တော် မှားရေးမိလည်း ပြင်ပါတယ်။ ရောဂါတွေလည်း ပျောက်ပါစေ။ သတ်ပုံအမှားတွေလည်း ပျောက်ပါစေ။

သူ့မှာတမ်း
သူတို့အဆုတ် ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့  ထတုန်တည်း။

အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများ မှာခဲ့လိုသနည်း။

ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ မိဖအားကို
ဘာများ မှာခဲ့လိုသနည်း။

မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများ မှာခဲ့လိုသနည်း။

ခရီးမတ်တပ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ။

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား။ (မင်းသုဝဏ်၊ ၈-၂-၁၉၆၃)

ပြောက်ကျား မှားကြတယ်။ အဲဒီကဗျာကို တင်ကြတာ တစ်လူလူနှင့်တဲ့။

မြန်မာစာ နေလုံး ကွယ်လေပြီတကား။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂၀၁၈
၂၈-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး