Coronavirus ကိုရိုနာဗိုင်းရပ်စ် သတင်းအဆက်

သို့မဟုတ် ကျွန်တော်တို့အတွက် သင်ခန်းစာ

တရုပ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရှိန်မြင့်တက်နေလို့ အခြေအနေဆိုးကြောင်း သမတကိုယ်တိုင်က ထပ်လောင်း သတိပေးလိုက်တယ်လို့ လွန်ခဲ့တဲ့ ၅ နာရီသတင်းကဆိုပါတယ်။ အရေးပေါ်အစည်းအဝေးကို နှစ်သစ်ကူးရုံးပိတ်ရက်မှာ ကျင်းပတယ်။

ရောဂါစတင်ဖြစ်တဲ့ တရုပ်ပြည်အလယ်ပိုင်းက ဝူဟန်မြို့မှာ စုစုပေါင်း ကုတင် ၁၃၀၀ ဆန့် အရေးပေါ်ဆေးရုံတခုကို လဝက်အတွင်း အပြီးဆောက်လိုက်တယ်။ နှစ်သစ်ကူးပွဲတွေကို မြို့အတော်မျာများမှ မလုပ်ကြပါ။ အသွားအလာတွေ ပိတ်ထားတယ်။ ဟောင်ကောင်မှာလည်း အရေးပေါ်ကျေညာထားတယ်။ ကျောင်းပိတ်ရက် တိုးထားတယ်။

ကုတင်တထောင်ဆန့် ကူးစက်ရောဂါဆေးရုံကြီးတခုကို ၆ ရက်နဲ့ အပြီးဆောက်နေတယ်။ တရုပ်ပြည်မှာ အင်ဂျင်နီယာ အတတ်ပညာ အလွန်ကောင်းနေပြီးဖြစ်တယ်။ အလုပ်လုပ်နေသူပေါင်း ၄၀၀၀ တို့က ၂၆၉၀၀၀ စတုရန်းပေမြေနေရာမှာ ဆောက်နေကြတာ။

၂၀၀၃ ခု တုန်းကလည်း Sars ဆားစ် ဗိုင်းရပ်ပိုးကြောင့် ဘေဂျင်းမြို့တော်မှာ Xiaotangshan ဆေးရုံကြီးတခု ဆောက်ခဲ့တယ်။ တည်ဆောက်ရေးမှာ အထက်-အောက် စီမံခန့်ခွဲမှုနဲ့ လုပ်တယ်။ ဗျူရိုကရေစီနဲ့ ဘဏ္ဍာရေးကြိုးနီစနစ်တွေ ကင်းရအောင် လုပ်တယ်။ လိုအပ်သမျှ ထုတ်လုပ်ပေးမဲ့စက်ရုံတွေကလည်း အဆင်သင့်။

တရုပ်ပြည်ရဲ့စွမ်းရည်ကို တဘက်သတ်ချီးကျူးလိုတာတော့ မဟုတ်ပါ။ ကျွန်တော်တို့ကောလို့ မေးချင်တာ။ မဟုတ်က ဟုတ်ကတွေ၊ အလိမ်အညာ ရယ်စရာတွေနဲ့ သူများကိုသာအပြစ်ဖို့ချင်သူတွေက များလွန်းတယ်။

သူတို့က အဲလိုဖြစ်လာအောင် နှစ်တွေအများကြီး ကြိုးပမ်းခဲ့လို့သာ ဒီအဆင့်ရောက်လာတာ။ ကျွန်တော်တို့ကတော့ ပြောင်းပြန် နောက်ပြန်ဖြစ်အောင် ဆယ်စုနှစ်များစွာ အချိန်ယူခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး