Coronavirus ကိုရိုနာ ဗိုင်းရပ်စ် သတင်းအဆက်

၁။ CDC confirms coronavirus case in Illinois, dozens more under investigation ယူအက်စ် အီလီနွိုင်မှာ တွေ့ရှိ

၂။ France confirms two cases of coronavirus, marking the first diagnoses in Europe ပြင်သစ်မှာ သေချာတဲ့ လူနာ ၂ ယောက်တွေ့ရှိ

၃။ The Scottish government said there are currently no confirmed cases of coronavirus in the UK ယူကေမှာ သေချာတဲ့ကူးစက်မှုမရှိသေးလို့ စကောတလန်အစိုးရကပြော

၎။ Fifteen new deaths were reported in Wuhan, the epicenter of the outbreak ရောဂါမြစ်ဖျားခံရာ တရုပ်ပြည် ဝူဟန်မှာ သေဆုံးသူ အသစ် ၁၅ ယောက်တိုးလာ

၅။ China restricts travel for 35 million people as the death toll rises တရုပ်ပြည်မှာ လူ ၃၅ သန်းကို သွားလာခွင့် ပိတ်ထားလိုက်

မြန်မာပြည်ကလည်း စိုးရိမ်ကြတယ်။ စိုးရိမ်တာ အပြစ်မဆိုသာ။ ဒါပေမဲ့ တချို့ရေးနေကြတယ်။ အရက်နဲ့ပျောက်တယ်။ ပွင့်လင်းမြင်သာမှုရှိပါ စသဖြင့်။

ကျွန်တော်သိသလောက် ကူးစက်ရောဂါသတင်းကို ကျန်းမာရေးဌာနက ထိန်ချန်တယ်လို့ မရှိပါ။

စစ်အစိုးရအဆက်ဆက် သူတို့လက်ချက်နဲ့ သေဆုံးသူ ထိခိုက်ဒဏ်ရာရသူစာရင်းကိုသာ ရည်ရွယ်ချက်ရှိရှိ ထိန်ချန်ခဲ့တယ်။ နာဂစ်မှာလည်း ဖုံးကွယ်ခဲ့တယ်။

ရောဂါကာကွယ်ရေးကို အစိုးရတခုတည်းနဲ့ မနိုင်တာတွေကို ဝိုင်းကူညီကြရတယ်။ သတင်းအလွဲအမှားတွေ ခြိမ်းခြောက်စကားတွေက ကာကွယ်ရေးကို အကျိုးမပြု။ ပြောင်းပြန်သာ ဖြစ်စေတယ်။

ထိန်ချန် ခြိမ်းခြောက်တဲ့ စစ်အစိုးရလုပ်ရပ်နဲ့ ချဲ့ကား အမှားရေးတဲ့ ပြည်သူလုပ်ရပ် အတူတူ။

လူတွေ စိတ်နေသဘောထားပါ ကျန်းမာဘို့လိုတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး