Literary Modernism မော်ဒန်လွန် မြန်မာစာ

မြန်မာစာ ဆရာပဂေးတွေက
ဘာလာလာ တပါရင် စသတ်ပေးရမယ်လို့
နံပတ်ဝမ်းကြီး သဘောတော်ကျ သတ်ပုံစာအုပ် ပြင်ထုတ်ရေး။

တိုင်းတပါး လွတ်ရာလွတ်ကြောင်း သွားနေရသူ စာပြန်ဖတ်ရတော့
ဟ့ ဘာတွေဖြစ်ကုန်ပြီလဲ
မျက်စိထဲ သဲဝင်သလို ရေနဲ့ဆေး။

ခေတ်။

ဒေါင်းဘတ်စာတွေ တစ်
ကျောင်းဘတ်စာတွေ တစ်
လူပျိုအပျိုရေးဘတ်စာတွေ တစ်
နိုင်ငံရေးဘတ်စရာတွေ တစ်
ဘာသာရေးဘတ်စာတွေ တစ်။

ကျွန်တော်ရေးတာ ဒွေးချိုး လေးချိုး မဟုတ်ပါ။ ကာရန်မပါ ကဗျာခေတ်မှာ ကြီးလာခဲ့တာ။ သတ်ပုံပြင်စာအုပ်ခေတ်မှာ အိုလာတာ။

အဖြစ်သည် ခေတ်။ အလွဲသည် မော်ဒန်။ အပျက်သည် မော်ဒန်လွန်မြန်မာစာဖြစ်၏။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်