Religious wars မရေးချင်ပေမဲ့ ရေးရတဲ့ ဘာသာရေး

ကနေ့ကမ္ဘာမှာ ဘာသာရေးတွေ များလာတယ်။ ကိုယ့်ဘာသာအတွက် လုံးပမ်းမှုတွေကလဲ အမျိုးမျိုးရှိလာတယ်။ ဘာသာရေးစစ်တွေ အများကြီး တိုက်ခဲ့ကြပြီးပြီ။ မှတ်တမ်းတင်ခံထားရပြီးဖြစ်တဲ့ ဘာသာရေးစစ်ပွဲတွေက ဘာသာတရား (၃) မျိုးနဲ့ဆိုင်တယ်။ ခရစ်ယန်၊ အစ္စလမ် နဲ့ ဂျူးဘာသာတွေ ဖြစ်ပါတယ်။

အဓိကဘာသာရေးစစ်ပွဲကြီးပေါင်း (၆) ခုဖြစ်ခဲ့ပြီးပါပြီ။
(၁) ခရူးဆိတ်စစ်ပွဲ၊ ဥရောပ၊ ၁ဝ၉၅-၁၂၉၁ ခုနှစ်၊ အစ္စလမ် နှင့် ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁ဝဝဝ,ဝဝဝ-၃ဝဝဝ,ဝဝဝ။
(၂) ပြင်သစ်ဘာသာရေးစစ်ပွဲ၊ ပရိုတက်စတင့် နှင့် ရိုမင်ကက်သလစ်၊ ၁၅၆၂-၁၅၉၈ ခုနှစ်၊ သေဆုံးသူပေါင်း = ၂,ဝဝဝ,ဝဝဝ - ၄,ဝဝဝ,ဝဝဝ။
(၃) အနှစ် ၃ဝ စစ်ပွဲ၊ ဟိုလီရိုမင်အင်ပါယာ၊ ပရိုတက်စတင့် နှင့် ရိုမင်ကက်သလစ်၊ ၁၆၁၈-၁၆၄၈ ခုနှစ်အတွင်း၊ သေဆုံးသူပေါင်း = ၃,ဝဝဝ,ဝဝဝ - ၁၁,၅ဝဝ,ဝဝဝ။
(၄) နိုက်ဂျီးရီးယားပြည်တွင်းစစ်၊ အစ္စလမ် နှင့် ခရစ်ယန်၊ ၁၉၆၇-၁၉၇ဝ ခုနှစ်၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ - ၃,ဝဝဝ,ဝဝဝ။
(၅) လက်ဘနွန်ပြည်တွင်းစစ်၊ ၁၉၇၅-၁၉၉ဝ အထိ၊ ဆူနီ-ရှီယိုက် နှင့် ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁၃ဝ,ဝဝဝ-၂၅ဝ,ဝဝဝ။
(၆) ဒုတိယဆူဒန် ပြည်တွင်းစစ်၊ အစ္စလန် နှင့် ခရစ်ယန်၊ ၁၉၈၃-၂ဝဝ၅ အထိ၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ-၂,ဝဝဝ,ဝဝဝ။

ဘာသာရေးပဋိပက္ခပေါင်း (၇) ခုရှိသွားပြီ။
(၁) ပါလစ္စတိုင်း-အစ္စရေးလ်၊
(၂) ပါကစ္စတန်-အိန္ဒိယ၊
(၃) အီသီယိုးပီးယား-ဆိုမာလီ၊
(၄) နိုက်ဂျီးရီးယား၊
(၅) ဗုဒ္ဓဘာသာထကြွမှု၊ (ဗီယက်နမ် ၁၉၆၆)၊
(၆) တရုပ် နဲ့
(၇) လက်ဘနွန်ပြည်တွင်းစစ်တွေဖြစ်ကြတယ်။

ဘာသာရေးပုလိပ် အစ္စလမ်ဘာသာ ရဲတပ်ဖွဲ့ဆိုတာကို ရှရီးယား မွတ်ဆလင်ကြီးစိုးရာ နေရာတွေမှာ မူတာဝင်း နာမည်နဲ့ဖွဲ့ထားတယ်။ ဆော်ဒီအာရေးဗီးယားက အဓိကဖြစ်တယ်။ ဘာသာရေးခွဲခြားမှုမလုပ်ရ အက်ဥပဒေထားတဲ့ နိုင်ငံပေါင်း (၁၇) ခုရှိတယ်။ သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ဘိုလီးဗီးယား၊ ကနေဒါ၊ အီးယူ၊ ပြင်သစ်၊ ဂျာမဏီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အစ္စရေးလ်၊ နယ်သာလင်၊ ပိုလန်၊ ရုရှား၊ တောင်အာဖရိက၊ ယူကေ နဲ့ အမေရိကန် ပြည်ထောင်စုအပြင် နိုင်ငံတကာ ဆိုတာလဲရှိတယ်။

လူတိုင်းနီးပါး ဘက်လိုက်မှု မကင်းကြပါ။ ဘာသာရေးစိတ်ဓါတ်ဆိုတာ ဘာသာတိုင်းမှာ ရှိကြတယ်။ ကိုယ့်သာသာ မဟုတ်တာကို ဆန့်ကျင်စိတ်ထားတာ။

ဘာသာရေး-လူမျိုးရေးအခြေခံ ပဋိပက္ခများ
(၁) ပါလစ္စတိုင်း-အစ္စရေးလ် = လူမျိုးရေးအသွင်လို့ယူဆကြတာလဲရှိတယ်။ ၁၉၂၉ မှာ ဖြစ်ခဲ့တယ်။ ၁၉၄၇ မှာ အစ္စရေးနိုင်ငံလို့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တယ်။ အဲဒီနေရာက ပါလစ္စတိုင်းလူမျိုးပေါင်း ၇၁၁ဝဝဝ ကနေ ၇၂၅ဝဝဝ ထွက်ခွါခဲ့ရတယ်။

(၂) ပါကစ္စတန်-အိန္ဒိယ = ၁၉ဝ၆ မှာ ဒါးကားမှာ ဖွဲ့ခဲ့တဲ့ (AIML) ကို ဟိန္ဒူအများစုကြီးစိုးတဲ့ အော်လ်အိန္ဒိယကွန်ဂရက်က သံသယရှိလာတယ်။ ၁၉၄၇ မှ ဗြိတိသျှကိုလိုနီကနေ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး၊ နိုင်ငံ ၂ ခုအဖြစ် လွတ်လပ်ရေးပေးတယ်။ အခုထိ ရန်သူဆက်ဆံရေးထားကြတယ်။

(၃) အီသီယိုးပီးယား-ဆိုမာလီ = အဘီဆီးနီးယန်-အဒါးလ် စစ်ပွဲလို့လဲခေါ်တယ်။ ၁၈၂၉ ကနေ ၁၅၅၉ အတွင်း တိုက်ခိုက်ခဲ့ကြတယ်။

(၄) နိုက်ဂျီးရီးယား = ၁၉၅၃ ကနေ ၁၉၆ဝ ကျော်အထိဖြစ်တယ်။

(၅) ဗုဒ္ဓဘာသာထကြွမှုကြီး = ဗီယက်နမ် ခေါင်းဆောင် ငိုဒင်းဒမ် (၁၉၅၅-၁၉၆၃) ဟာ ကက်သလစ်ဘာသာဝင်ဖြစ်တယ်။ ဌာနေတိုင်းရင်းသားတွေနဲ့ အများစု ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွက်ခဲ့တယ်။ လူထုနည်း၊ စစ်ရေးနည်းတွေနဲ့ ဆူပူမှုဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေ ကိုယ့်ကိုယ်ကို မီးရှို့ပြီးဆန္ဒပြခဲ့ကြတယ်။ ၁၉၆၆ မှာ ဖြစ်တယ်။

(၆) တရုပ်ပဋိပက္ခဆိုတာ တိဘက်နဲ့ဖြစ်တာ မဟုတ်သေးပါ။ ၁၉၃၆ (ရှန်ရှီကိုင်) ကနေ (ကာဇတ်) လူမျိုး ၂ဝဝဝဝ ကို (ဇင်ဂျန်း) ကနေ (ကွင်ဂိုင်း) ကို နှင်ထုတ်တယ်။ ဒိနောက် ဗိုလ်ချုပ်ကြီး (မ ဘူဖန်း) ဦးဆောင်ပြီး မွတ်ဆလင်တွေကို အများအပြား သတ်ပြစ်တယ်။ ၁၃၅ ယောက်ဘဲ ကျန်တော့တယ်လို့ ဆိုတယ်။ (အူဂဟာ) မွတ်ဆလင်တွေနဲ့ (ဟွေ) တပ်တွေလည်း အခုထိ ဖြစ်နေကြတုံးဘဲ။

(၇) လက်ဘနွန်ပြည်တွင်းစစ် = ပါလစ္စတိုင်းကရောက်လာသူတွေကန လက်နက်ကိုင်ပြီး PLO ဖြစ်လာတာကနေ ဖြစ်တယ်။

မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် လုပ်ဘို့ ကြိုးစားမှုကြောင့် နောက်ဆက်တွဲတွေ ဖြစ်ခဲ့ဘူးတယ်။ အခုတခါ ဘာသာရေးအခြေပြုပြီး သူများနိုင်ငံတွေကပါ ဝင်ပါတာအထိဖြစ်လာတယ်။ ကာကွယ်ရေးဆိုပြီး လုပ်ကြတယ်။ ပြည်ထောင်စုသားတူပေမဲ့ ဘဘောထားအမြင်တွေ အတော်ကွဲနေတယ်။ တိုင်းပြည် တရားစွဲခံရတယ်။

နွားကွဲရင် ကျားဆွဲသလို လူကွဲရင် ခြင်္သေ့ဆွဲတယ်။ ကြာရင် ခွေးအ ဆွဲတာခံရမယ်။ Spotted hyena (ပုံ) ဆိုတာ ဂမ်ဘီယာ အမျိုးသားတိရစ္ဆာန်။ အစက်အပြောက်ပါတဲ့ ခွေးအ။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၃
၁၈-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး