ဥပဒေ ဒီမိုကရေစီ နှင့် မြန်မာစာသတ်ပုံ

ဒီမိုကရေစီနိုင်ငံတွင် ဥပဒေတမျိုးတည်းသာ ရှိသည်။ ဆင်းရဲသူအတွက် ဥပဒေတမျိုး၊ ချမ်းသာသူအတွက် ဥပဒေတမျိုး၊ ဂုဏ်ရှိသူအတွက် ဥပဒေတမျိုး၊ ဂုဏ်မဲ့သူအတွက် ဥပဒေတမျိုး၊ အာဏာလက်ကိုင်ရှိသူအတွက် ဥပဒေတမျိုး၊ အာဏာလက်မဲ့အတွက် ဥပဒေတမျိုး မရှိ။ ဒီမိုကရေစီက ကျောတသား ရင်တသား မခွဲခြား။

ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီမရှိကတည်းက တမျိုးတွေက တစ်မျိုးတွေဖြစ်လာတယ်။ အခုထိ။

အရင်ဥပဒေ စာအုပ်တွေထဲမှာ တမျိုး။ နောက်ဥပဒေစာအုပ်တွေမှာ တစ်မျိုးတဲ့။ ပျက်ရော။

မြန်မာစာသတ်ပုံသည်လည်း ဒီမိုကရေစီအပေါ် မူတည်သည်။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂၀၂၀
ပုံအတွက် ကျေးဇူး။

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး