RIP ဆိုတာဘာလဲ

ဆရာခင်ဗျာ R.I .P ဆိုတဲ့စာလုံးအရှည်နဲ့ မြန်မာလိုအဓိပ္ပါယ်ကိုသိပါရစေ ခင်ဗျာ။

RIP = Rest in Peace ငြိမ်းချမ်းစွာ နားနိုင်ပါစေ။ ကွယ်လွန်ပြီးနောက် ငြိမ်းချမ်းမှု ရပါစေသတည်း။ ခရစ်ယန်ဘာသာရေး အသုံးဖြစ်တယ်။

R.I.P. = Requiescat in pace = Rest in peace
ကက်သလစ်၊ လူသာရင်နဲ့ အင်ဂျလီကန် ခရစ်ယန်အသုံးဖြစ်တယ်။

Rip လို့ရေးတာက တမျိုး။ တခုခုကို တနေရာကနေ အားနဲ့ အမြန် ဖယ်ရှားလိုက်သည်။

Slang ဘန်းစကာအနေနဲ့ သီချင်းတွေ ဗီဒီယိုတွေကို CD ကနေ MP3s ကိုပြောင်းတာတဲ့။

ဒေါက်တာတင့်ဆွေ
၂၀-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး