Scoliosis ခါးရိုးမကြီး ပုံမှန်မဟုတ်ခြင်း

၁။ မင်္ဂလာပါဆရာ မိန်းကလေး၊ အသက် ၂၁ နှစ်မှာ scoliosis ဖြစ်နေပါတယ် မြန်မာပြည်မှာ ကုသလို့ရနိင်ပါသလားခမျ လေ့ကျင့်ခန်းလုပ်ပြီး ကုလို့ရပါသလားခမျ သူ့ခါးရိုးကျောက s ပုံစံ စောင်းလာနေပါတယ် အဲ့တာလေး ရှင်းပြပေးပါခမျ

၂။ ဆရာ တဆိတ်လောက် ရှင်းပြပေးပါ အဖြေက ခုမှရတာမို့ပါ အဲဒီအဖြေလေး သိချင်လို့ပါ ဆရာ ပြန်လည် ဖြေကြားပေးစေလိုပါသည် အမေလဲကျတာ တိုင်းရင်းဆေးနဲ့ပြတာပါ ဆရာက ဓာတ်မှန်ရိုက်ခိုင်းသဖြင့် ရိုက်ထားပါသည် အဖြေက 9.00 pm မှ ရပါသည် ပြသသည့်ဆရာဝန်က ညနေ 5 pm to 8 pm ဖြစ်နေလို့ပါဆရာ

စကိုလီယိုးဆစ် ခေါ် ခါးရိုးမကြီး ပုံမှန်မဟုတ်တာ၊ ခါးရိုးကြီးရဲ့ ကွေးကောက်မှု ပုံစံပြောင်းသွားတာကိုခေါ်တယ်။ အရွယ်မရောက်မီကစတတ်တယ်။ muscular dystrophy ခေါ် ကြွက်သားရောဂါနဲ့ cerebral palsy ခေါ် အာရုံကြောရောဂါကနေဆက်ဖြစ်တယ်။ အများအားဖြင့် ဘာကြောင့်ဖြစ်သလဲ မသိနိုင်။

ကြည့်ရင် ပခုံးနှစ်ဘက်က မညီပါ။ တဘက်ကပိုသိသာထင်ရှားနေမယ်။ လက်ကောက်ဝတ်နေရာလည်း မညီ။ တင်ပါးတဘက်မြင့် တဘက်နိမ့်ဖြစ်နေမယ်။ ဆိုးတာမျိုးမှာ ခါးရိုးမကြီးက လိမ်နေတယ်။

မိန်းကလေးတွေမှာ အဖြစ်များတယ်။ မိသားစုထဲမှာ တယောက်မက တွေ့ရတတ်တယ်။

အများအားဖြင့် သိပ်မဆိုးကြပါ။ ဆိုတာမျိုးက ဒုက္ခိတလိုနေထိုင်ရတော့တယ်။ တချို့မှာ အတွင်းက အဆုတ် အလုပ်ကို သက်ရောက်ခံရတယ်။

နောက်ဆက်တွဲဖြစ်တတ်တာတွေကတော့ ခါးနာမယ်။ ဆိုးတာကနေ အဆုတ်၊ နှလုံးအလုပ်ကို ထိခိုက်စေမယ်။

မဆိုးတာ ဆေးကုသရန် မလိုပါ။ တချို့ကို ပိုမဆိုးစေအောင် brace ပတ်ပေးထားရတယ်။ တချို့ကို ခွဲစိတ်ပြုပြင်ပေးရတယ်။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၈
၂၀-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး