နေပည်တော်သို့

ညက တင်ပြီးသား။ ကနေ့လည်း ရရစ်မပါတဲ့မေးခွန်းတွေ မနည်းပါ။

ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်းမှာ ရရစ်တွေမပါပဲရေးကြသူတွေ ပိုများလာတယ်။ ပြီ ကို ပီ။ ပြီး ကို ပီး။ ဖြစ် ကို ဖစ်။

မြန်မာစာမှာ ရရစ်ပျောက်သွားရင် -
မစ်ကီးနားမို့
မိတ်မို့
ပင်ဦးလွင်မို့
ဖူးမို့
မောင်းမမို့
သံဖူစရပ်မို့
ဓနုဖူမို့
မစ်သားမို့
မင်းမူမို့
မို့သာမို့
ရေကည်မို့
ဆိပ်ဖူမို့
နေပည်တော် ဖြစ်လာမှာလား။

တွေ ကို တေ ရေးသူတွေလည်းမနည်းပါ။ တယ် ကို တရ် တဲ့။ မှာ ကို မာ တဲ့။ ရ ကို က တဲ့။

ဝီကီပီးဒီယားမှာ မြန်မာအစ တစ်ကောင်းကလို့ ရေးတားတယ်။

တကို တစ်ရင်ပြီးရော ကျန်တာ ဘာကို ဘယ်လိုရေးရေးလို့ မြန်မာစာအဖွဲ့က သတ်မှတ်ထားပုံရတယ်။

ငယ်ငယ်က မုံရွာ မြစန္ဒာရုပ်ရှင်ရုံမှာ ရှေ့ဆုံး တမတ်တန်းက နှစ်ကားတွဲတဝက်ခရတဲ့ဇာတ်ကားတွေကို ပိတ်ကားပေါ်မှာ ပြီးပါပြီအထိ ကြည့်ခဲ့ရတာကို မမေ့ပါ။ မြန်မာစာ ပြီးပါပြီလား။

မန်မာနိုင်ငံ မို့တော် နေပည်တော်သို့သွားတဲ့လမ်းမှာ ရရစ်တွေကောက်ရရင် ပြန်ပေးကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၉
၂၆-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး