Group ဂရုတွေမှာ

ဆေးရောင်းသူတွေ အရက်ရောင်းသူတွေ မြက်ရောင်းသူတွေ လေရောင်းသူတွေက ရေးကြတယ်

ကျွန်တော်က တလတခါ INR စစ်နေရပါတယ်။ နှလုံးအဆို့ရှင်နှစ်ခုလဲထားပြီး Warfarin ဆေးနေ့တိုင်း သောက်နေရပါတယ်။ Warfarin ဆေးနဲ့ပတ်သတ်တဲ့ ဂရုမှာတင်ထားတဲ့ Post တခုတွေ့မိပြီး မရှင်းတာလေးရှိလို့ ဆရာကိုမေးကြည့်တာပါ။ INR 1 ဖြစ်နေလို့ဆိုပြီး သူ့ INR ကိုတိုးဖို့အတွက် Beer သောက်မယ်ဆိုပြီးပြောထားပါတယ်။ အဲ့တာတကယ်ဖြစ်နိုင်လား နောက်ပြီးတင်ထားတာလားဆိုတာလေးဖြေကြားပေးပါဦးဆရာ။ ဘီယာသောက်တာ မကောင်းဘူးဆိုတာ သိပေမယ့် လူငယ်ဆိုတော့ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ တခွက်နှစ်ခွက် သောက်မိမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်က ဘယ်လိုမျိုးလဲဆိုတာပါ ဖြေကြားပေးပါဦး။

International Normalized Ratio (INR) သွေးစစ်နည်းကို Prothrombin time (PT) လို့လည်းခေါ်နိုင်တယ်။ Warfarin (Coumadin) သွေးကျဲဆေးတွေသောက်နေရသူတွေကို စစ်တယ်။ ပုံမှန်အဖြေ INR 1.1 နဲ့ အဲတာထက်နည်းတယ်။

အစို့ရှင်ကို အဆို့ရှင်လို့ ပြင်လိုက်တယ်။ ရရစ်မပါတာတွေ ထည့်လိုက်တယ်။ တစသတ်တွေပါ ပြင်လိုက်တယ်။ ဆောရီး။

အရက်အမျိုးမျိုးကြောင့် ကျန်းမာရေးကို ဆိုးစေတာသာဖြစ်နိုင်တယ်။ အရက်စီးပွါးရေးက ကမ္ဘာမှာ အကြီးဆုံး လုပ်ငန်းတွေထဲမှာ ထိပ်ပိုင်းမှာပါတယ်။ ပိုက်ဆံပေးပြီး ကောင်းကြောင်းရေးခိုင်တယ်။ ကြားပွဲစားတွေကလည်း များတယ်။ အမည်ဆန်းတဲ့ အသီး၊ အပွင့်၊ အရွက်၊ မြက်ကအစ ကျန်းမာရေးကောင်းတယ်လို့ရေးသူတွေ များတယ်။

ဂရုတွေမှာ သူလိုကိုယ်လိုလူနဲ့ ကိုယ်လောက်မှ မသိသူတွေက ရေးကြတယ်။ ဆေးရောင်းသူတွေ၊ အရက်ရောင်းသူတွေ၊ မြက်ရောင်းသူတွေနဲ့ လေရောင်းသူတွေကလည်း ရေးကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး