Sunday, January 19, 2020

ယဉ်ယဉ်ကျေးကျေး

ဆျာ စာလေးပြန်ပေးပါ ကျေးဇူးပြုပြီး

ဆြာလို့ ဟိုအရင်ကရေးတာရှိတယ်။ ဆျာလို့ ဘယ်တုန်းကမှ မရေးပါ။ တမင်တကာသတ်ပုံမှားနဲ့ရေးမေးတာမျိုး မဖြေလိုပါ။

သတ်ပုံအမှန်မသိလို့ ရေးပြီးမေးတာတွေကို ဖြေလည်းဖြေတယ်။ ပြင်လည်းပေးတယ်။

မေးခွန်းတွေမှာ စာလုံးနှစ်လုံးပါတာကို ၂ နဲ့ရေးတာလည်း မသင့်ပါ။ တရ်ရေးတာ အမြင်ကပ်စရာကောင်းတယ်။ P ထည့်တာလည်း ဆိုးတယ်။ အစမှာ Hi မလုပ်သင့်ကြပါ။ စာအဆုံးမှာ နော်မထည့်သင့်ပါ။

ကျောင်းဆရာ ဆရာမတွေ၊ ဆရာဝန်တွေဆီ စာရေးရင် ကိုယ့်ထက် အသက်ငယ်နေလည်း လေးစားသမှုရှိရတယ်။

တခြားနေရာတွေမှာ အပျော်အပျက်ရေးကြတာ ပြောရန်မရှိပါ။ ကျွန်တော်က ရောဂါအသေး အကြီး အကုန်ဖြေနေရသူ။ အသက်နဲ့ မကစားရ။ အလောင်းအစား မလုပ်ရ။ မပြောင်အပျက် မလုပ်ရပါ။

တလေးတစားကြီးလည်း မလို။ လက်အုပ်ချီပုံတွေ မလို။ တည်တည်တန့်တန့် ယဉ်ယဉ်ကျေးကျေးဆို ရပြီ။

ဒေါက်တာတင့်ဆွေ
၂၀-၁-၂၀၁၉
၂၀-၁-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တဦးလျှင်

မန္တလေး စာအုပ်လမ်း စာပေအလှူ တဦးလျှင် (၁) အုပ်နှုန်း အခမဲ့ရယူနိုင်ပါသည်။ ရွှေချထားဖို့ကောင်းတဲ့ စေတနာ။ စိန်စီထားသင့်တဲ့ သတ်ပုံမှန်လက်ရေးစာ...