ရေသံသရာ

ဆရာ ကျနော်တို့ရဲ့ အရင်ခေတ်က ကဗျာတပုဒ် သတိရမိပါတယ်။ ရေသံသရာလို့ ထင်ပါတယ်။ ကောင်းကင်တခို ပြိုမလို တိမ်ညိုဘာကြောင့် မှိုင်းပါတယ် ဆိုတဲ့ ကဗျာ ဖတ်ချင်မိပါတယ်။ ဘယ်မှာ ရှာရမှန်းမသိလို့ ဆရာ။

ရေသံသရာ

ကောင်းကင်တခို၊ ပြိုမလို၊
တိမ်ညိုဘာကြောင့် မှိုင်းပါတယ်၊
မိုးရွာလို့ မှိုင်းပါတယ်။

မြည်ဟည်းထစ်ကြိုး၊ မာန်ဟုန်ဖြိုး
ရွှေမိုးဘာကြောင့်ရွာရတယ်၊
ရေခိုးပါလို့ ရွာရတယ်။

တစိမ့်စိမ့်မိုး၊ ရွာသွန်းဖြိုး
ရေခိုးဘယ်က ရပါတယ်၊
ပင်လယ်ရေက ရပါတယ်။

အပြောဝန်းကျယ်၊ ငွေပင်လယ်
သင်ရေဘယ်က ရပါတယ်၊
ချောင်းရေတွေက ရပါတယ်။

စီးကျတွေတွေ၊ ရဂုံတွေ
ချောင်းရေဘယ်က ရပါတယ်၊
မိုးရေကျလို့ ရပါတယ်။

ရွာသွန်းဖြိုးစွေ၊ လျှပ်ပန်းဝေ
မိုးရေဘာကြောင့် ကျရတယ်၊
တိမ်ညိုမှိုင်းလို့ ကျပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်