Lyrica ဆေး
Tension headache ကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ https://doctortintswe.blogspot.com/2014/11/tension-headache.html
Cluster headache ကလပ်စတာ ခေါင်းကိုက်ရောဂါ https://doctortintswe.blogspot.com/2017/08/cluster-headache.html
အနောက်ဘက်အပိုင်းလို့ရေးတာက အနောက်အရပ်လား စဉ်းစားရတယ်။ နောက်ဘက်လို့သာ ရေးသင့်တယ်။ အဲလိုမှားရေးသူတွေ များတယ်။ အရှေ့ အနောက် အရပ်တွေနဲ့ ရှေ့ နောက် ဘက်တွေ မတူပါ။
ဆရာမင်္ဂလာပါရှင့် သမီး ခေါင်းနောက်ဘက် ကိုက်သလိုကြိမ်းသလိုဖြစ်တာ မသက်သာလို့ မနေ့က ဦးနှောက်နှင့် အာရုံကြောအထူးကုနဲ့ ပြခဲ့ပါတယ်ရှင့် ယခု ပုံပါဆေးကို မနက် ၁ကြိမ် ည၁ကြိမ် ၂ ပတ်ဆက်တိုက်သောက်ပြီးမှ ပြန်လာပြဖို့ ပြောပါတယ်ရှင့် သမီးက အစာအိမ်နာတတ်တော့ ဒီလိုဆေးတွေသောက်လို့ရပါသလားလို့ မေးပါတယ်ရှင့် သောက်လို့ရတယ်လို့ ပြောပါတယ်ရှင့် ယခု သမီးစပြီးသောက်နေရတဲ့ ဆေးဖြစ်တဲ့ lyrica 25 mg ရဲ့ အကျိုးသက်ရောက်မှု ကောင်းကျိုးနဲ့ ဆိုးကျိုး တို့ကို ပြောပြပေးစေချင်ပါတယ်ရှင့်။
Lyrica ဆေးဟာ Pregabalin ဆေးဖြစ်တယ်။ အာရုံကြောကြောင့်နာတာတွေအတွက်ပေးတယ်။ အတက်ရောဂါမှာလည်း ပေးတယ်။ ဆီးချိုကြောင့်အာရုံကြောရောင်တာလည်း ပေးတယ်။ ရှင်းဂဲလ် ခေါ် ရေယုံတမျိုးကြောင့် နာတာမှာလည်း ပေးတယ်။
တနေ့မှာ ၂-၃ ကြိမ်ပေးလေ့ရှိတယ်။ အစာရှိရှိ မရှိရှိ သောက်နိုင်တယ်။ ဆေးအလေးချိန်ကို ဆရာဝန်ကချင့်ချိန်ပေးမယ်။
ဘေးထွက်သက်ရောက်မှုများ
အိပ်ချင်တယ်။ အာခေါင်ခြောက်မယ်။ အာရုံစိုက်ရတာနည်းမယ်။ ခြေလက်ရောင်နိုင်တယ်။ ကိုယ်အလေးချိန်တိုးနိုင်တယ်။
• Cluster headache ကလပ်စတာ ခေါင်းကိုက်ရောဂါ https://doctortintswe.blogspot.com/2017/08/cluster-headache.html
• Headache ရာသီနှင့် ခေါင်းကိုက်ခြင်း https://doctortintswe.blogspot.com/2018/01/headache.html
ဒေါက်တာတင့်ဆွေ
၁၆-၃-၂၀၁၉

Comments
Post a Comment