Headache ရာသီနှင့် ခေါင်းကိုက်ခြင်း

မင်္ဂလာပါဆရာ။ ကျွန်မအသက်က ၃၇ အပျိုပါဆရာ။ ကန်တော့ပါ ရာသီမလာခင် ၂ ရက် ၃ ရက်အလိုဆို ခေါင်းတအားကိုက်ပါတယ်။ ဖြစ်တာတော့ ၁ နှစ်လောက်ရှိပါပြီ။ အကိုက်ခဲပျောက်ဆေးတွေ ရမ်းသောက်နေရတာ မသောက်ချင်တော့လို့ပါ။ ဘာဆေးသောက်ရမလဲ ညွှန်ပြပေးစေချင်ပါတယ်။

ခေါင်းကိုက်တယ်ဆိုတာ ရောဂါတော့ မဟုတ်။ အကြောင်းခံတခုခုကနေဖြစ်လာတဲ့ ရောဂါလက္ခဏာသာဖြစ်တယ်။ အကြောင်းခံတွေက များတယ်။ မေးခွန်းမေးသူအတွက် လစဉ်လာတဲ့ရာသီနဲ့ ဆက်စပ်နေသလား စဉ်းစားရတယ်။ အဲတာမှန်ရင် ရာသီကို ၃ လနေမှသာ တခါလာအောင် ဆေးသောက်လို့ရတယ်။ ရာသီရက်ပြောင်းလိုသူတွေလည်း အိမ်ထောင်မရှိပေမဲ့ ကိုယ်ဝန်တားဆေးနဲ့ ရာသီရက် ပြောင်းနိုင်တယ်။ ရာသီဆိုတာ ဟော်မုန်းနဲ့ဆပ်စပ်နေတယ်။ ဟော်မုန်းပြောင်းရင် ရာသီကြောင့် ခံစားရတာတွေလည်း ပြောင်းနိုင်တယ်။ မေးတဲ့သူကို ကျွန်တော်က သေချာ မသိပါ။ စာတွေဖတ်ပြီး ဆိုင်တာနဲ့ လိုတာ လိုက်နာသင့်တယ်။

- Antidepressant and premenstrual syndrome http://doctortintswe.blogspot.com/2014/12/antidepressant-and-premenstrual-syndrome.html
- Cluster headache ကလပ်စတာ ခေါင်းကိုက်ရောဂါ https://doctortintswe.blogspot.com/2017/08/cluster-headache.html
- Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://doctortintswe.blogspot.com/2014/11/menstrual-mood-swings.html
- Menstrual Suppression ရာသီကိုပြောင်းစေနည်း https://doctortintswe.blogspot.com/2014/11/menstrual-suppression.html
- Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://doctortintswe.blogspot.com/2014/11/menstrual-suppression.html
- Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေ http://doctortintswe.blogspot.com/2014/10/premenstrual-syndrome-pms.html
- Tension headache ကျွန်မဖြစ်နေတာ ခေါင်းအရမ်းကိုက်ခြင်းပါ https://doctortintswe.blogspot.com/2014/11/tension-headache.html

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး